Arc 4🗡186🗡ချင်းယိုး

42 6 0
                                    

Chapter (186) Arc 4
ချင်းယိုး

"ကျူးချွဲ့ကျောင်းတော်က ကျောင်းသားကို တူယွမ်လို့ ခေါ်တယ်... အရင်တစ်ခေါက် ပြိုင်ပွဲရဲ့ ပဏာမအဆင့်ပြိုင်ပွဲမှာ ပထမနေရာကို ရသွားတာ... ပိုင်ဟူကျောင်းတော်က ကျောင်းသားကိုတော့ ချောင်ထန်းလို့ ခေါ်တယ် ဒါပေမဲ့ သူက ပဏာမအဆင့်မှာ ဒုတိယနေရာ ရသွားခဲ့တယ်"

လုရွှမ် နားမလည်မှန်းသိ၍ ရွှမ်ဝူကျောင်းအုပ်က သာယာစွာ ပြုံးပြီး ရှင်းပြလိုက်သည်။

"သူတို့နှစ်ယောက် အစောကြီး တွေ့သွားကြတော့ ချောင်ထန်းက တူယွမ်ရဲ့ နေရာကို ရယူဖို့ ကြိုးစားတော့မယ့်ပုံပဲ...  ကံမကောင်းစွာပဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူတို့နှစ်ယောက်က အနှိုင်းမဲ့ အရည်အချင်း ရှိပေမယ့် အခု သူတို့ရဲ့ ခွန်အားက တစ်စထက်တစ်စ ဝေးကွာသွားပြီ...  မမျှော်လင့်ဘဲ ဆယ်နှစ်ကြာပြီးတော့ တူယွမ်က သူတော်စင်တစ်ဦး ဖြစ်လာမယ့် လမ်းကို လျှောက်လှမ်းနေပြီ... ချောင်ထန်းနဲ့ သူ့ကြားက ကွာဟချက်က ယခုတော့ ကြီးမားလွန်းသွားပြီ"

ချောင်ထန်းအတွက် ရွှမ်ဝူကျောင်းအုပ်သည် နှမြေစရာ ကောင်းသည်ဟု ခံစားနေရသည်။

"သူ့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကာယကြံ့ခိုင်မှုအရ ကျောင်းကို ဝင်လာရင် တူယွမ်ကို ရှုံးခဲ့ရင်တောင် အဲ့ဒီလောက် အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး"

ထျန်းလုံ၊ ကျူးချွဲ့၊ ပိုင်ဟူ၊ ရွှမ်ဝူ အဓိက ကျောင်းကြီး၄ခုသည် သဘာဝအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် သွင်ပြင်များရှိပြီး တချို့သော ကဏ္ဍများတွင် ထူးခြားသော တိုးတက်မှုများလည်း ရှိသည်ဟု ဆိုနိုင်သည်။

အလေးပေးမှုမှာလည်း ကွဲပြားသည်။ ဥပမာ ထျန်းလုံကျောင်းတော်သည် ဆယ်စုနှစ်များစွာကြာ ထိပ်တန်းကျောင်း တစ်ကျောင်း ဖြစ်လာခဲ့သည်။ အပြင်းထန်ဆုံးဟု ဆိုပါက ၎င်းသည် ၎င်း၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုနှင့် ဘက်စုံစွမ်းပကားကြောင့် ကျော်ကြား​လေသည်။

ကျူးချွဲ့ကျောင်းတော် ၎င်း၏ မီးစွမ်းအင်ကြောင့် အကျော်ကြားဆုံး ဖြစ်ပြီး ပိုင်ဟူကျောင်းတော်ကတော့ ၎င်း၏ကိုယ်ပွား စွမ်းအင်များကြောင့် ကျော်ကြားသည်။ ရွှမ်ဝူကျောင်းတော်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ခံနိုင်ရည်ရှိမှုနှင့် ကျော်ကြားသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now