Chapter (137) Arc 4
တွက်ချက်ခြင်းစကားပြောလာသော လူသည် တခြား အမျိုးသမီး တစ်ဦးဖြစ်ကာ အသက်သုံးဆယ်ကျော် ဝန်းကျင်ဖြင့် သူမ၏ အသံသည် အနည်းငယ် ရိုင်းစိုင်းမှု အရိပ်အယောင်တို့ ပေါ်လွင်နေသည်။
သူမ စကားပြောပြီးသည်နှင့် စုံတွဲမှလွဲ၍ အားလုံး၏မျက်လုံးများ တောက်ပလာခဲ့သည်။
“အစ်ကိုလုံ.... သခင်မလင်းရဲ့ ခွန်အားက သူတော်စင်တစ်ပိုင်း အဆင့်၃ပဲ ရှိသေးတယ်.... ဒီအစ်ကိုလောက် လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိဘူးလို့ ထင်ရတယ်... အခွင့်အလမ်းတွေရှာဖို့ တစ်ယောက်တည်း တောင်ပေါ် တက်လာရဲတယ် ဆိုတော့ သူ့မှာ အားကိုးစရာ တစ်ခုခုတော့ ရှိရမယ်လေ... ငှက်ဥခိုးဖို့က ပြဿနာ မရှိလောက်ဘူး"
ရှေ့ကပြောခဲ့တဲ့ သခင်လေးက ပြောလာသော် ကျန်တဲ့သူတွေကလည်း တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
"ဒါပေမဲ့……"
"ဟားဟား အစ်ကိုလုံ စိတ်ပူနေသေးရင် ကျုပ်မှာ အရှိန်အများကြီး တိုးနိုင်တဲ့ မှော်လက်နက်တစ်ခုရှိတယ် သူ့ကို ငှားလိုက်မယ်လေ... ကိစ္စရှိလာရင် သူ ထိန်းထားလို့ရတယ်"
အစ်ကိုလုံဟု ခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခါးသက်သက် ပြုံးကာ လုရွှမ်ကို ကြည့်လိုက်သည်။
"ဒီကညီလေး မင်းဘယ်လိုထင်လဲ?"
လုရွှမ် သူ့အပြုံးကို မျိုသိပ်ထားလေသည်။ ဒီလူတွေ ထင်ထားတာ ရှက်စရာနည်းနည်းတော့ ကောင်းသား။ သူ့ကို ငှက်ဥကို ခိုးခွင့်ပေးပြီးတော့ ရတနာတွေပါ ငှားပေးဦးမည်တဲ့။ ဟဲဟဲ လူကောင်းပဲ!
လုရွှမ် ရည်ရွယ်ချက်ရှိရှိ စိတ်လှုပ်ရှားဟန် ဆောင်လိုက်ကာ
"အဲဒါက လျှပ်စီးငှက် တစ်ကောင်လေ... ကျွန်တော်လည်း ငှက်ဥ တစ်ဥလောက် ရနိုင်ခဲ့ရင် အရမ်းပျော်မိမှာ"
လုရွှမ်၏ တုံ့ပြန်မှုသည် သာမန်ထက် သာလွန်ကောင်းမွန်ပြီး မိုးကြိုးငှက်ဥ တစ်လုံးရရန် မထိုက်တန်ကြောင်း လူအများအပြားက တွေးရင်း ကျေနပ်စွာ ပြုံးပြလိုက်ကြသည်။