Arc 4🗡188🗡ခန္ဓာကိုယ် ထိန်းချုပ်မှု

39 6 0
                                    

Chapter (188) Arc 4
ခန္ဓာကိုယ် ထိန်းချုပ်မှု

"ဟင့်... ငါ့ဓားချက်ကို နင်တကယ် ရှောင်နိုင်ပါ့မလား"

နမ်းကုန်းရင်က သူမအသံကို အရိပ်အမြွက် တစ်ခုအနေနဲ့ ပြောလိုက်သည်။

သူတော်စင်တစ်ပိုင်း လူတစ်ယောက်ရဲ့ အရင်းအမြစ်က သူတော်စင်တစ်ပိုင်း ဖြစ်လာတဲ့အခါ တောက်ကျင့်စဥ် ပုံစံတွေကနေ လာတာပဲ ဖြစ်သည်။ ထို့ကြောင့် တောက်ကျင့်စဥ်ရဲ့ ပုံစံက အားကောင်းလေ သဘာဝကျကျ စွမ်းအားက အားကောင်းလေ ဖြစ်သည်။

တခြားသူတွေ ရှင်းရှင်းလင်းလင်း မမြင်နိုင်အောင် ကိုယ့်ရဲ့ တောက်ကျင့်စဥ် ပုံစံတွေကို ဖုံးကွယ်ထားနိုင်ရင် တိုက်ပွဲမှာ အသာစီးရလိမ့်မည်။

သူမ၏ တောက်ကျင့်စဥ် ပုံစံသည် သန့်ရှင်းသော စွမ်းအားဟု လူအများက ထင်မြင်နေကြကြောင်း နမ်းကုန်းရင် သိထားပြီး ၎င်းသည် သူမ တမင်တကာ ပေးခဲ့သည့် နားလည်မှု လွဲမှားမှုတစ်ခုလည်း ဖြစ်သည်။

တကယ်တော့ သူမရဲ့ တောက်ကျင့်စဥ် ပုံစံက ဓားတစ်လက်ပင်။ ဓားနဲ့ ပတ်သက်ပြီး သူမရဲ့ နက်နဲတဲ့ နားလည်မှုက သဘာဝအတိုင်း အားကောင်းလေ သူမခွန်အားကလည်း အားကောင်းလေပဲ ဖြစ်၏။

သူမလက်ထဲက ​ကော့ရှန်ဓားကို သူမအဖေက သူမအတွက် အထူး ပြုလုပ်ပေးခဲ့သည်။ ဆယ်နှစ်ကျော်လောက် ဂရုတစိုက် လေ့ကျင့်ပြီးနောက် ဓားသည် သူမ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

"ဒါက?"

တခြားသူများမှာ ချင်းယိုး၏ ယခင် ရှောင်တိမ်းမှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ကျောင်းတောင် လေးခုမှ ကျောင်းအုပ်ကြီးများကတော့ သေချာပေါက် ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။

နမ်းကုန်းရင်၏ ဓားက လမ်းကြောင်းမှန်သို့ တိုက်ခိုက်လိုက်သော်လည်း ချင်းယိုး၏ စွမ်းဆောင်မှုက ပိုကောင်းလာကာ သူမ ရှောင်တိမ်းသွားခဲ့သည်။

"ထျန်းလုံကျောင်းအုပ်ရေ... ခင်ဗျားရဲ့ ထျန်းလုံကျောင်းတော်ကတော့ တကယ်ကို အရည်အချင်းတွေ ပြည့်နေတာပဲ.... ​​သူတို့ကို လျှော့တွက်လို့ မရဘူးကိုး!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now