Arc 4🗡150🗡မြို့တော်ကို ရောက်ပြီ

83 9 0
                                    

Chapter (150) Arc 4
မြို့တော်ကို ရောက်ပြီ

အဖိုးအိုချန်းရွှင်သည် လေးစားစွာဖြင့် အလျင်အမြန် နောက်သို့ ဆုတ်သွားခဲ့သည်။ ယခုအချိန်တွင် သူလည်း အနည်းငယ် ပင်ပန်းနေပြီ။

အချိန် သိပ်မကျန်တော့မှန်း သိတဲ့အတွက် ဒီနှစ်တွေမှာ သူဘာမှမလုပ်ခဲ့ဘဲ တခြားသူတွေကို ကြောက်ဖို့ သူ့အရင်က အရှိန်အဟုန်ကို သုံးခဲ့ရသည်။

မော့လင် သူ့လက်ထဲမှာ လက်နက်မရှိတာကြောင့် သူသိပ်မစိုးရိမ်ဘဲ လှုပ်ရှားခဲ့တာ။ မော့လင်သာ တုံ့ပြန်လာခဲ့ရင် ဘယ်သူက ဘယ်သူ့ကို သတ်ပစ်မယ်ဆိုတာ ပြောလို့ မရဘူး။

ထိုအခိုက် မော့လင်က သက်ပြင်းတစ်ချက်ချကာ လုရွှမ်ကို စိုက်ကြည့်လိုက်သည်။

"ကောင်လေး... မင်းဘာနည်းလမ်းတွေ သုံးနေလဲ? ငါဂရုမစိုက်ဘူး... ငလူး!"

လုရွှမ်က သူ့အား ရိုင်းစိုင်းသော စကားများပင် မပြောခိုင်းတော့ဘဲ နဂါးဆင်ရွှေလက်ဝါးဖြင့် တရစပ် တိုက်ခိုက်လေ​တော့သည်။

"နဂါးဆင်ရွှေလက်ဝါး!"

သူတော်စင် တစ်ဦးအနေဖြင့် ​မော့လင်သည် သဘာဝကျကျ သိုင်းပညာများ အကြောင်း တတ်ကျွမ်းသူ ဖြစ်သည်။ သူသည် ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သော နဂါးဆင်ရွှေလက်ဝါးကို အမှန်တကယ် တွေ့မြင်ခဲ့ရလေပြီ။

ဤလက်ဖဝါး၏ ကြီးစိုးမှုကို သူသိပါ၏။ အထူးသဖြင့် သူ၏ လက်ရှိ အခြေအနေနဲ့ သူဘယ်လိုများ ခံနိုင်ရည်ရှိမပါ့မလဲ။

"လေဟာနယ် လေပြင်းလက်ဝါး?? ဟ မင်းဘယ်သူလဲကွ!!"

နဂါးဆင်ရွှေလက်ဝါးကို ရှောင်ပြီးနောက် ​မော့လင်သည် လေဟာနယ် လေပြင်းလက်ဝါးက ထပ်ရောက်လာရာ ထိတ်လန့်သွားရပြန်သည်။ ဒီထူးခြားတဲ့ စွမ်းရည်နှစ်ခုကို သင်ယူနိုင်သူက သာမန်လူရော ဖြစ်နိုင်ပါ့မလား။

"လူသားနဲ့ဓား ပေါင်းစည်းမှု?"

မော့လင် ပြေးပြန်ရပြီ။ ဒါကြီးက အရင်က အဘိုးကြီးချန်းရွှင်ဆီက ဖိနှိမ်ခံရတာထက်ကို အဆင်မပြေ​နေဘူး။

သူသည် ဓားသမား ဖြစ်လို့ သူ့ခန္ဓာကိုယ်ထဲတွင် ဓားမပါသော သိုင်းပညာများစွာ ရှိသော်လည်း ၎င်းတို့၏ စွမ်းအားကို မပြသနိုင်​သေးပေ။ ဒီကောင်လေးရဲ့ လက်က လွတ်ဖို့ သူ့ခန္ဓာကိုယ်ကို အားကိုးနေစဥ် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက အဝါရောင် စွမ်းအင်တောက်တောက်ကို မြင်လိုက်ရသည့် အခိုက်တွင် သူ့အတွေးများ လုံးဝ လွင့်စင်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now