Arc 4🗡176🗡ထျန်းလုံခေါင်းလောင်

55 7 0
                                    

Chapter (176) Arc 4
ထျန်းလုံခေါင်းလောင်

"ပါမောက္ခ... ခင်ဗျားတို့ ကြည့်လိုက်! ဒီလိုအရှိန်အဟုန်မျိုးနဲ့ အဓိက ကျောင်းသုံးကျောင်းရဲ့ အရည်အချင်းရှိတဲ့ ကျောင်းသားတွေနဲ့ ဘယ်လို ယှဉ်ပြိုင်မလဲ? သန်မာတဲ့ သူတွေကို စိန်ခေါ်ရဲတဲ့ သတ္တိမရှိရင် ဘယ်လိုလုပ် ယှဥ်ပြိုင်ဖို့ ဖြစ်နိုင်မှာလဲ?"

လုရွှမ်၏ စကားများက ထိုကျောင်းသားများကို ဦးတည်သွားခဲ့သည်။ စကားပြောနေရင်း မျက်နှာတွေ နီရဲလာတယ်။

"ငါ မကြောက်ဘူး!"

ရှက်ရွံ့သော အသံတစ်ခု ထွက်ပေါ်လာပြီး ရဲရင့်ဟန်ဆောင်ကာ လုရွှမ်ဆီသို့ လျှောက်လာခဲ့သည်။

သူတော်စင်တစ်ပိုင်း တတိယအဆင့်ရှိ မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် လုရွှမ်အား မျက်လုံးပြူး ကျယ်ကျယ်​ကြီးဖြင့် စိုက်ကြည့်နေသည်။

"ကောင်းပြီ!"

ပါမောက္ခဖန်းချန်က ကောင်မလေးကို အားပေးစကား ပြောသည့်အနေဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။

လုရွှမ် ဘာမှ ပြန်မပြောဘဲ အော်ဟစ်ပြီး နောက်ပြန်ပြေးလာတဲ့ ကောင်မလေးကို ချက်ချင်း ကန်ထုတ်လိုက်သည်။ ကောင်မလေးမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

"နင် ယုတ်မာတာ.... နင်ငါ့ကို တိတ်တဆိတ် တိုက်ခိုက်ခဲ့တာမလား!"

"မိန်းကလေးကို အနိုင်ကျင့်နေတာပဲ... ရှောင်းရှောင်း မင်း အဆင်ပြေရဲ့လား?"

"မင်းရဲ့ ကျင့်ကြံမှုက မြင့်တယ်ဆိုတိုင်း တခြားသူတွေကို ဘယ်လိုလုပ် အနိုင်ကျင့် နိုင်ရတာလဲ?"

လုရွှမ်သည် မုန်တိုင်းတစ်ခု ဟောက်နေသကဲ့သို့ အေးစက်နေသော ဓားများနှယ် စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

ကျောင်းသားများမှာ အရှိန်အဟုန်ဖြင့် ထွက်လာသော စွမ်းအားကြောင့် တစ်ယောက်ပြီး တစ်ယောက် သည်းမခံနိုင်တော့ဘဲ နောက်ပြန်ဆုတ်သွားကြသည်။ 

လုရွှမ်သည် ဝမ့်ရှင်းဂိုဏ်း၏ စိတ်ဝိညာဉ် စွမ်းအား လှုပ်ရှားမှု နည်းလမ်းကို အသုံးပြုခဲ့သည်။ တခြားသူများ၏ အမြင်တွင် လုရွှမ်သည် ယခုအချိန်တွင် လမ်းကြောင်းအားလုံးကို ဖိနှိပ်ထားသည့် နတ်ဘုရားတစ်ဆူကဲ့သို့ ထင်ရ​လေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now