Chapter (167) Arc 4
ကျင်းကျီးကျိုရှောင်းဟုန်ရဲ့ မျက်နှာသည် ပန်းသီးတစ်လုံးကဲ့သို့ နီရဲနေသော်လည်း သူမသည် စကားပြောကောင်းသူ မဟုတ်ပေ။ သူမသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အပြင်းအထန် ကြိုးစားကာ ပါးစပ်ကို ဖွင့်ထားသော်လည်း ဘာပြောရမှန်း မသိပေ။
"နင်ပဲ အဲ့လိုတွေးနေတာ ငါက မဟုတ်ဘူး"
ထိုအခါ အမျိုးသမီးက ဂုဏ်ယူစွာ ရယ်မောရင်း-
"နင်က ဘာလဲ? ယောက်ျားက မိန်းမကို ချစ်တာ သာမန်ပဲလေ... ဒါပေမဲ့ နင် ရှာချင်ရင်တော့ သူတော်စင်တစ်ပိုင်း အဆင့်၇ ဒါမှမဟုတ် အဲဒီအထက်ရဲ့ အဆင့်မှာရှိတဲ့ သခင်ကို ရှာရမယ်... သူတော်စင်တစ်ပိုင်း တတိယအဆင့်ကို ရွေးချယ်တာက မိုက်မဲလွန်းတာ မဟုတ်လို့ ဘာလဲ!"
"နင်....နင် မုန်းစရာကြီး!"
အမျိုးသမီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရုတ်တရက် ပြတ်သားသော အသံနှင့်အတူ အမျိုးသမီး၏ ရယ်မောသံက ရပ်သွားကာ လုရွှမ်ဆီက ပါးရိုက်ခံလိုက်ရသည်။
ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းစည်းကမ်းင အလွန် ရှင်းပါ၏။ ကျောင်းသားများကို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သတ်ပစ်ခြင်း မပြုရချေ။ ရန်ငြိုးရန်စများရှိပါက ဆရာများထံ သတင်းပို့ပြီး ပြိုင်ပွဲစင်မြင့် သို့မဟုတ် ပြဿနာဖြေရှင်းရန် အသက် ရှင်ခြင်းနှင့်သေဆုံးခြင်း အဆင့်ကိုပင် သွားနိုင်သည်။
ဒါပေါ့။ တချို့သော သာမန် ပွတ်တိုက်မှုလို တိုက်ပွဲငယ်များကိုတော့ အလိုရှိတိုင်း တားမြစ်ထားလို့ မရနိုင်ဘူးလေ။
"နင်ငါ့ကိုရိုက်တယ်? နင်က မိန်းကလေးတစ်ယောက်ကိုတောင် ရိုက်တယ်!!"
အမျိုးသမီးက ထိတ်လန့်တကြားဖြင့် လုရွှမ်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် ဒေါသတကြီး ပေါက်ကွဲထွက်လာသော ကြောင်တစ်ကောင် ကဲ့သို့
"နင်က ဘယ်သူလဲ? ငါဘယ်သူလဲဆိုတာ နင်သိလား? ငါ့ကို ရိုက်ရဲတယ်ပေါ့ ဟုတ်လား? နင် အသက် မရှင်ချင်တော့ဘူးလား"