Chapter (166) Arc 4
အကြီးတန်းဧရိယာအဲဒီနောက် အဘိုးအိုက သူ့နောက်က လူတွေကို ခေါ်၍ လှည့်ထွက်ပြေးသွားတော့သည်။
"သမီးလေး... အဖွားပြောပြပါ မင်းမှာ ဘယ်လို အရည်အချင်းတွေရှိလဲ"
အဘွားအိုက ဝမ်လင်ရဲ့ လက်ကိုထိကာ တိုးတိုးလေး ပြောသည်။
"ဆရာ?"
လုရွှမ် ပြုံးလိုက်သည်။ ဒီအဘွားကြီးဆီက ဆိုးရွားတဲ့ အရိပ်အယောင်ကို မခံစားရသလို သူမ ဦးဆောင်လာတဲ့ ကျင့်ကြံသူ အမျိုးသမီးငယ်တွေကို ကြည့်ပြီး သူတို့ဟာ ယုံကြည်ထိုက်တယ်လို့ ခံစားရလေသည်။
"ရှောင်လင် အဘွားကြီးကို ပြောပြလိုက်ပါ... သူမက ယုံကြည်ထိုက်တယ်... ဒါပေါ့ သူမတစ်ယောက်တည်းကို ပြောပြရုံနဲ့ လုံလောက်ပြီ"
လုရွှမ်က ဆိုလိုက်သည်။
"ခန်းဟွေ့ နတ်ဘုရားမျက်လုံးပါ!"
ဝမ်လင်လည်း အဘွားကြီးအား အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။ အဘွားကြီးရဲ့ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပေ၏။
"ကောင်းပြီ... ကောင်းပြီ"
"သမီးလေး... ထျန်းလုံကျောင်းတော်ကို ဝင်ချင်တာလား? ဟုတ်ပြီ မင်း အခုကတည်းက အဘွားနောက်က လိုက်လို့ရတယ်... မင်းကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"
"ဒီမှာ ဆရာနဲ့အတူ နေရရင် ကျွန်မကို ဘယ်သူမှ အနိုင်ကျင့်န်ုင်မှာ မဟုတ်ပါဘူး"
ဝမ်လင်ကလည်း ဆိုလိုက်သည်။ အဘွားကြီးရဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ရှိကာ အသက်ကြီးနေပြီ။ ဒါပေမဲ့ ကြင်နာစွာ ပြုံးပြတတ်တဲ့ ချစ်ခြင်းလှိုင်းတွေက သူမမျက်လုံးထဲမှာ အရည်ပျော်သွားသလိုပင်။
အဘွားကြီးသည် လုရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး လုရွှမ်ရဲ့ ယခင်ပစ်ချက်က သူမမျက်လုံးထဲတွင် ရှိနေသေးသည်။
ထျန်းလုံကျောင်းတော် ဦးခေါင်း၏ သင်္ကေတဖြစ်သည့် ကျောင်းအုပ်ကြီးရုပ်တုမှာ မှော်ဆန်သည့် အကျိုးသက်ရောက်မှု ရှိကြောင်း လူတော်တော်များများ မသိကြသော်လည်း ထူးကဲသော ပါရမီ သို့မဟုတ် သဘာဝလွန်စွမ်းအားရှိသော လူတစ်ဦး ချဉ်းကပ်လာသည့်အခါတိုင်း တောက်ကျင့်စဥ်၏ ကျက်သရေရှိမှုများ ထွက်ပေါ်လာမည် ဖြစ်သည်။