Arc 4🗡201🗡သူ​တော်စင်တစ်ပိုင်းကမ္ဘာအတွင်း ရုတ်တရက်ပြောင်းလဲသွားခြင်း

54 9 0
                                    

Chapter (201) Arc 4
သူ​တော်စင်တစ်ပိုင်းကမ္ဘာအတွင်း ရုတ်တရက်ပြောင်းလဲသွားခြင်း

"ကျောင်းအုပ်ကြီးကို ဂါဝရပြုပါတယ်!"

"ကျောင်းအုပ်ကြီးကို ဂါဝရပြုပါတယ်!"

ကျောင်းသား တစ်ဒါဇင်ကျော်သည် လူအုပ်ကြီးထဲမှ ထွက်လာပြီး အဆုံးအထိ ဦးညွှတ်ကာ ကြည်ညိုလေးစားမှု အပြည့်ဖြင့် သူတို့၏ မျက်လုံးများကို ဖော်ထုတ် ပြသလာခဲ့သည်။

"ကျောင်းအုပ်ကြီး ဒီသားရဲကို ကျောင်းအုပ်ကြီးရဲ့ နေအိမ်ဆီ သယ်ဆောင်ခွင့်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်"

လူတစ်ဒါဇင်ကျော်က တညီတညွတ်တည်း ပြောလာရာ လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းကာ ခေါင်းညိတ်ပြလိုက်သည်။ ဝမ်လင်က လမ်းကို ဦးဆောင်၍ လူတိုင်းလည်း အမြန် ထွက်သွားကြသည်။

လုရွှမ်သည် ဝမ်ကျောက် နှင့် ရူယန်းတို့နှင့်အတူ လေထဲတွင် ပျံဝဲသွားကာ အောက်ဖက်ရှိ လူတိုင်းကို နှုတ်ဆက်လိုက်သည်။

"ပြိုင်ပွဲကြီးမှာ တွေ့ကြတာပေါ့ !"

"ပြိုင်ကွင်းမှာ တွေ့မယ်!"

လူတိုင်းနီးပါးက လက်သီးတွေကို လေထဲမှာ မြှောက်ပြီး ကျယ်လောင်စွာ သဘောတူလိုက်ကြသည်။

"ဆရာ... ဆရာ့ရဲ့ ဂုဏ်သတင်းက အခု ထျန်းလုံမြို့မှာ နံပါတ်တစ် ဖြစ်နေပြီ မဟုတ်လား?"

ဝမ်ကျောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ လုရွှမ်သည် တိုက်ပွဲကို ကြည့်ရှုသူ အနည်းဆုံး ၉၀% က စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

"သတိထား.... ဒီလိုအခြေအနေမျိုးမှာ ရည်ရွယ်ချက်ဆိုး ရှိတဲ့သူတွေက ပိုလှုပ်ရှားလာတတ်တယ်"

ထျန်းလုံကျောင်းတော်သို့ ရောက်ရှိပြီးသော် သူတို့နှစ်ဦးအတွက် နေရာချ​ပေး​ပြီးနောက် လုရွှမ်သည် ကျူးချွဲ့ကျောင်းအုပ် နှင့် တခြားကျောင်းအုပ်များ စောင့်ဆိုင်းနေပြီ ဖြစ်သော ဆိုင်းငံ့ထားရာ စင်မြင့်ဆီသို့ တိုက်ရိုက် ပျံသန်းထွက်လာခဲ့သည်။

"ထျန်းလုံကျောင်းအုပ် ခင်ဗျားက ထူးထူးခြားခြား အရည်အချင်း ရှိပြီး အစွမ်းထက်တဲ့ လူပဲ... ကျုပ် ခင်ဗျားကို လေးစားပါတယ်...ကျုပ် ခင်ဗျားရဲ့ အရွယ်တုန်းက ဟဲဟဲ... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲ ရှိသေးတယ်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now