Arc 4🗡193🗡မတူညီသော လမ်းညွှန်မှုများ

48 10 0
                                    

Chapter (193) Arc 4
မတူညီသော လမ်းညွှန်မှုများ

ထျန်းလုံကျောင်းတော်မှ ကျောင်းသားတစ်ယောက် အနေဖြင့် ရှေ့ဆက်ရမည့် လမ်းသည် မည်မျှပင် ခက်ခဲကြမ်းတမ်း နေပါစေ လုံလင်အာဆိုတဲ့ သူမသည် ဆက်လက် ချီတက်နေဦးမှာ ဖြစ်သည်။

"ညီမလေး.... မင်းငါ့မြေပေါ် ရောက်လာပြီ... အဲ့တော့ ငါ့ကို အပြစ်မတင်နဲ့ မင်းရဲ့ကျောင်းအုပ်ကြီးကိုပဲ အပြစ်တင်လိုက်"

ပိုင်ရီးရီးက အော်ပြောပြီးနောက် သူမက လက်ဖဝါးကို ဆန့်ထုတ်ကာ ကောင်းကင်ကို မျက်နှာမူလိုက်သည်။

"ကောင်းကင်ကို ဝါးမျိုခြင်း!"

ပိုင်ရီးရီးရဲ့ အသံ ကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် ကွင်းတစ်ခုလုံး ရုတ်တရက် မှောင်လာပြီး လုံးဝ မည်းမှောင်သွားသည်။  အနီးနားရှိ လူအုပ်ကြီးသည် ချက်ချင်းပင် အော်ဟစ် ပြောဆိုလာကြ၏။

အမျိုးသမီး နှစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားသလိုမျိုး စင်​မြင့်ပေါ်က လှုပ်ရှားမှုကို လုံးဝ မခံစားနိုင်တော့ချေ။

လုရွှမ်၏ အသံသည် တိုးညှင်းစွာ ထွက်ပေါ်လာသည်။

"ဒါက ပိုင်ရီးရီးရဲ့ ကောင်းကင်ကို ဝါးမျိုခြင်း ဆိုတဲ့ နိယာမစွမ်းအင်နဲ့ ရောယှက်နေတဲ့ မှော်ဆန်တဲ့ စွမ်းအားပဲ... ကမ္ဘာကြီးကို ထိန်းချုပ်ပစ်သလို ကောင်းကင်က မျိုချပစ်လိုက်တာ သူမ ထိန်းချုပ်ထားတဲ့ ​လေထုထဲမှာ အာရုံငါးပါးလုံး လုံးဝ ပိတ်ထားတယ် အာရုံခြောက်ပါးကလည်း ပျောက်ကွယ်သွားပြီး ဘာကိုမှ မမြင်နိုင် ဘယ်အရာမှ ခံစားလို့ မရ​တော့ဘူး"

လူတွေက ကြောက်ရွံ့မှုအပြည့်နဲ့ စင်မြင့်ထက်ကို ရုတ်တရက် လှမ်းကြည့်လိုက်ကြသည်။

သူတော်စင်တစ်ပိုင်း ဖြစ်လာလေ ရောယှက်နေသော နိယာမ ဥပဒေသများ မည်မျှအရေးကြီးသည်ကို နားလည်လေလေ ဖြစ်သည်။ ယင်းသည် ကျင့်​ကြံတို့၏ အနာဂတ်ကျင့်စဉ် ဦးတည်ရာကို အဆုံးအဖြတ် ပေးသည်ဟု ဆိုနိုင်သည်။

အလေ့အကျင့် အဆုံးတွင် နိယာမစွမ်းအင်ဆိုင်ရာ သဘောတရားများသည် သဘာဝလွန် စွမ်းအားများ ဖြစ်လာသည်။ နိယာမစွမ်းအင်ဆိုင်ရာ သဘောတရားများ ပိုမိုလေးနက်လေ သဘာဝလွန် စွမ်းအားများ ပိုမိုအားကောင်းလေ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now