Arc 4🗡194🗡လက်ဆင့်ကမ်း​ပေးတဲ့ ကျင့်စဥ်

50 9 0
                                    

Chapter (194) Arc 4
လက်ဆင့်ကမ်း​ပေးတဲ့ ကျင့်စဥ်

"ဟမ့်... ထျန်းလုံကျောင်းအုပ်ကတော့ စကားကို လွယ်လွယ် ပြောနေတာပဲ... လေ့ကျင့်ရေး ကျင့်စဥ်တွေဆိုတာ ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် ပြောနိုင်မှာလဲ"

"ဒါက တစ်ဖက်သားရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်"

စင်မြင့်ထက်က အမျိုးသမီး နှစ်ယောက် ရန်ဖြစ်နေတာကို မမြင်နိုင်တော့ရာ အားလုံးလည်း ပျင်းသွားကာ ငြင်းခုံလာ​ကြပြန်သည်။

လုရွှမ် ကြွားလုံးထုတ်ခြင်း မဟုတ်တာ အမှန်ပင်။ သူသည် သူ၏လေ့ကျင့်ရေး နည်းလမ်း အပိုင်းအစများကို လုံလင်အားသို့ ပေးပို့ခဲ့သည်။  လူသည် မိမိကုသိုလ် ကောင်းမှုက အကျိုးပေးသလို ကုသိုလ်ကံ မကောင်းရလည်း အပြစ်ပေးခံရမည်။

အဆိုပါ ကျင့်စဥ်နည်းလမ်းသည် သူမ စိတ်ဝိညာဉ်ထဲတွင် ကျယ်လောင်သော အသံဖြင့် ထွက်ပေါ်လာပြီး လုံလင်အာ ၎င်းကိုချက်ချင်း နားလည်သွားကာ လျင်မြန်စွာ အာရုံစိုက်လိုက်သည်။ အစပိုင်းတွင် အနည်းငယ် ရှုပ်ထွေးသော်လည်း မကြာမီတွင် သူသည် အရာအားလုံးကို နားလည်ပြီး ၎င်းကို လုံးဝ ထိန်းချုပ်နိုင်ခဲ့သည်။

ဒါက စိတ်စွမ်းအင်နဲ့ ကျင့်စဥ်တို့ ပေါင်းစပ်ခြင်းပဲ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုမှာ ချက်ချင်း အားကောင်းလာသည်ဟု ခံစားရ​ပြန်သည်။ သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်က ထွက်သက်ဝင်သက်ဟာ ပိုင်ရီးရီး ဖြစ်နိုင်မယ့် အရှေ့ဘယ်ဘက်မှာရှိတဲ့ အနက်ရောင် ရုပ်တစ်ရုပ်ကို မသိမသာ သတိထားမိလိုက်၏။

"သတ်!"

လုံလင်အာ ဟစ်အော်ပြီး ပိုင်ရီးရီးထံ ပြေးဝင်သွားသည်။

ပိုင်ရီးရီးလည်း အံ့အားသင့်သွား၏။ လုံလင်အာက သူမ ဘယ်ရောက်နေတယ် ဆိုတာကို သတိပြုမိမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။  လုံးဝ အသက်ရှူမဝသလို ခံစားရတဲ့အထိ လုံလင်အာရဲ့ ခွန်အားက အရမ်းမြန်လွန်းသည်။

ရွှင်းရွှင်းရွှင်း!

အနီးနားရှိ လူအုပ်ကြီးသည် ခဏတာ အံ့အားသင့်သွားကာ နောက်ဆုံးတွင်မှ ရန်ပွဲစတင်မှန်း သိခဲ့သည်။ ထိုးကြိတ် ကန်ကျောက်သံများကို နားထောင်ရင်း ဘယ်သူက အသာစီးရပြီး ဘယ်သူက ရှုံးတယ် ဆိုတာ သေသေချာချာ ပိုင်းခြား သိမြင်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now