Arc 4🗡156🗡လက်ဆင့်ကမ်းပေးခြင်း

75 8 0
                                    

Chapter (156) Arc 4
လက်ဆင့်ကမ်းပေးခြင်း

လုရွှမ် လက်တစ်ချက် ဝေ့ယမ်းလိုက်တဲ့အခါ ဝမ်လင် ခန္ဓာကိုယ်သည် လေထဲမှ ပြန်ကျလာ၏။

သူမက ​မောင်ငယ်ဆီသို့ လျင်မြန်စွာ ပြေးသွားကာ သူ့ကို စိတ်လှုပ်ရှားစွာ စစ်ဆေးလိုက်သည်။ ဝမ်ကျောက်က သူ့အစ်မ မြင်အောင်ကြည့်ဖို့ ပူးပေါင်းပြီး ပါးစပ်ကို ဖွင့်ထား​ပြပေမယ့် ထိခိုက်မှုတော့ မတွေ့ရချေ။

လုရွှမ်သည် မင်းသမီးပိုင်လုံ၏ အိမ်ကြီးမှ ယူဆောင်လာသော ရတနာတချို့ကို ပေါ့ပေါ့ပါးပါးပဲ ထုတ်ယူလိုက်သည်။ စိတ်ဝင်စားစရာ ကောင်းပေမယ့် ဒါတွေကို ရတနာလို့ ခေါ်ဖို့ မလိုအပ်ပေ။

အစကတော့ ၎င်းတို့ကို တခြားလူများအား ပေးဆောင်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ဝမ်ကျောက်ကို အစာကျွေးရတော့မှာ ဖြစ်သည်။

"ဒီဓားကို စားလိုက်!"

"ဘာကြီး??"

မောင်နှမ နှစ်ယောက်စလုံးက ဝိညာဉ်ကျောက်တုံးတွေ စားပြီး အဓိပ္ပာယ်မရှိသလို ခံစားနေရ၏။ သူတို့ဟာ ဝိညာဉ်ကျောက်တုံးတွေ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်တွေ ပြည့်နေတယ်လေ။ လုရွှမ်မှာ အင်အားရှိတာကြောင့် ဝိညာဉ်ကျောက်တုံးတွေ မစားရင် သူတို့ကို အန္တရာယ်ပေးလာနိုင်တယ်။

ဒါပေမဲ့ ဓားရှည်ကို စားရမှာတဲ့လား။ ဒါက နည်းနည်း ကြောက်စရာ ကောင်းတယ်လေ။

"ဆရာ?"

ဝမ်လင်က ထပ်အော်လိုက်သည်။ သူမလေသံသည် အလွန် ပျော့ပျောင်းသွားကာ သူမသည် ယခင်ကထက် စိတ်ပျက်အားလျော့ သွားခဲ့သည်။ ဝမ်ကျောက် ဓားရှည်ကို ကိုင်လိုက်ပြီး ဓားဖျားကို ကိုက်လိုက်သည်။

"စားပြီးတာနဲ့ ငါ့ဗိုက်ကြီးကြီးက ကမ္ဘာကြီးကိုတောင် ထိန်းထားနိုင်လောက်ပြီဟ!"

ကလစ်! ဖြောင်း!

ဓားရှည်သည် အမှန်တကယ်ပင် သူ့အားဖြင့် ကိုက်လိုက်ပြီးနောက် သူ့ဗိုက်ထဲသို့ မျိုချလိုက်လေသည်။ မြိုချပြီးနောက် ကိုယ်တိုင်လည်း မှင်တက်သွားသည်။ ဝမ်လင်က အလွန်စိုးရိမ်သွားပြီး မောင်ဖြစ်သူကို ကြည့်ကာ ဘယ်လိုခံစားရလဲဟု မေးလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Wo Geschichten leben. Entdecke jetzt