Arc 4🗡144🗡အလောင်းအစား

88 9 0
                                    

Chapter (144) Arc 4
အလောင်းအစား

"ဒီဓားက တကယ် ရိုးရှင်းလွန်းတယ်!"

လုရွှမ် သူ့အသံကို ကျယ်လည်းမကျယ် တိုးလည်းမတိုးဘဲ ကောင်းကင်ကလာတဲ့ အသံလို လူတိုင်းရဲ့နားထဲ ရောက်ရှိသွားသည်။ ခြံဝင်းထဲမှာ ရယ်သံတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခဏကြာတော့ မြုပ်သွားခဲ့သညိ။

ထိုအသံသည် စိတ်ဝိညာဉ်၌ ကြားနေရပုံရပြီး နားမလည် နိုင်လောက်အောင် ဆွဲဆောင်နိုင်သော စွမ်းအားတစ်ခုလည်း ရှိသည်။ ဤနေရာသို့ လာနိုင်သည့် လူများသည် သာမန်လူများမဟုတ်ကြောင်း သိသာသောကြောင့် ယခုလေးတင် ကြားခဲ့ရသော အသံက စွမ်းအင်တစ်ခု ဖြစ်ကြောင်း သဘာဝကျကျ နားလည်လာကြသည်။

ညနေ အိုးစည်နှင့် နံနက် ခေါင်းလောင်းသံကြောင့် အံ့သြစွာ နိုးလာရသကဲ့သို့ ထိုသူသည် အလွန်ရှားပါးသော ပါရမီရှင် ဝိညာဉ်သခင် ဖြစ်ကြောင်း လူတိုင်း ခံစားမိလာသည်။

"ဒါဆို ခင်ဗျား ပြောကြည့်ပါဦး... ဒီဓားက ဘယ်နေရာကများ မကောင်းတာလဲ" ဆိုတဲ့ အသံက ထပ်ပြီး ထွက်ပေါ်လာ၏။

ဤအခိုက်အတန့်တွင် ငြိမ်သက်သွားသော လူများကြားတွင် အများစုမှာ လူသတ်ချင်သည့် ရည်ရွယ်ချက်များ ပြည့်နှက်နေကြသည်။ ပထမဆုံး စကားစခဲ့သော ထိုလူယုတ်မာကို သတ်ပစ်ချင်လာ၏။

သူ့ကြောင့်သာ မဟုတ်ရင် လက်ရှိ အခြေအနေက ဘယ်လိုလုပ် ဒီလိုအခြေအနေကို ဦးတည်သွားပါ့မလဲ?

သခင်လေးယွမ်ယန် ဆိုသူမှာ ယခုအချိန်တွင် တည်ငြိမ် အေးဆေး​နေတာကို တွေ့လိုက်ရသဖြင့် သူသည် အမှန်တကယ်ပင် စွမ်းဆောင်နိုင်သူ ဖြစ်နိုင်ကြောင်း ရိပ်မိလာ၏။ တကယ်တမ်း သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူများမှာ စတင် နောင်တရနေခဲ့သည်။

"ပါဝင်ထားတဲ့ ပစ္စည်းက မကောင်းဘူး သန့်စင်တဲ့အချိန်မှာ သူတော်စင်ပုံစံ မပါဘူး.... အပူချိန်က မလုံလောက်ဘူး... အခင်းအကျင်း ဖွဲ့စည်းပုံကလည်း ရိုးရှင်းလွန်းတယ် ဆွဲဆောင်နေတာကလည်း ကောင်းကင်က မိုးခြိမ်းသံကို မဟုတ်ဘူး... ငါ​ပြန်မေးပါရစေ ဘယ်နေရာက ကောင်းသေးလဲ?"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now