Arc 4🗡203🗡လူကိုအနိုင်ကျင့်တယ်

47 8 0
                                    

Chapter (203) Arc 4
လူကိုအနိုင်ကျင့်တယ်

လုရွှမ်က တခစ်ခစ်ရယ်ပြီး ဆက်ပြောလိုက်သည်။

'အဘိုးကြီး... ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးလေ... ကျုပ်လို ထူးချွန် အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ဟာ သွားလေရာရာ အာရုံစူးစိုက်မှုရဲ့ ဗဟိုချက်ပဲ ဖြစ်နေတာ... လက်ရှိ အသွင်အပြင်ကို ပြောင်းလဲပြီး ကျက်သရေရှိတဲ့ ပုံရိပ်ကို ဖုံးကွယ်ထားရမယ်.... မဟုတ်ရင် ကျုပ်နောက်ကို ကောင်မလေးတွေ အရမ်းများလွန်းလို့ ​​သူတို့ကို မရှောင်နိုင်ဘူးလေ!"

'ဟားဟား မင်းက စကားပြော ကောင်းသားပဲ...  မင်းမှာငါ့ကို ဘာလို့ မကြောက်တာလဲ? မင်းက ငါ့ကို "စီနီယာ" လို့တောင် မခေါ်ဘူး'

အဘိုးအိုက ခပ်တည်တည်နဲ့ သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

လုရွှမ်သည် သူ့ထံမှ ကြီးမားသော ဖိအားကို ခံစားလိုက်ရသော်လည်း လူသတ်ချင်နေတဲ့ ရည်ရွယ်ချက်တော့ မရှိပေ။ အဘိုးအို၏ လေးနက် ဟန်ဆောင်သော မျက်လုံးများတွင် အပြုံးအရိပ်အယောင်များ ရှိနေသည်။

'မကြောက်ပါဘူး... အခု ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ကျုပ်ထက် မြင့်နေပေမယ့် ကျုပ်ရဲ့ကျင့်ကြံမှု အဆင့်က ခင်ဗျားထက် မကြာခင်မှာ မြင့်လာနိုင်တာပဲလေ... အဲ့တော့ ကျုပ်ကို စီနီယာလို့ ခေါ်​စေချင်တာလား? 'စီနီယာ'ဆိုတဲ့ စကားလုံးက သိပ်မဆိုးပါဘူး.. လေးစားမှုရှိဖို့ လိုတယ် အဲ့စကားလုံကို နှုတ်ခမ်းပေါ်မှာ မထားဘဲ နှလုံးသားထဲမှာ သိမ်းထားရမှာ...  နောက်ပြီး ခင်ဗျားကို အဘိုးကြီးလို့ ခေါ်တာက အရမ်းနားထောင်လို့ ကောင်းတယ် မဟုတ်လား?'

အဘိုးအိုက ရယ်ပြီး ပြန်ပြောလာ၏။

'မင်းရဲ့သတ္တိက တကယ် သေးသေးလေးတော့ မဟုတ်ဘူးပဲ... မင်းမလို့ တွေးဝံ့တယ် ဒီအဘိုးကြီး ငါက အခု မဟာသူတော်စင် နယ်ပယ်ကြီးရဲ့ တတိယအဆင့်ကို ရောက်နေပြီ... ကောင်လေး ​​မင်းက သူတော်စင်တစ်ပိုင်း အဆင့်၃ပဲ ရှိသေးတယ်.. ဒီအဆင့်နှစ်ခုရဲ့ ကွာဟချက်ကို မင်းသိလား? ဒါတောင်မင်းက ဒီအဘိုးကြီးကို အမီလိုက်ချင်သေးတယ်ပေါ့... မင်း အိပ်မက်တွေများ မက်နေတာလား?'

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now