Arc 4🗡208🗡မင်ရှန်တောင်ကြား

45 7 0
                                    

Chapter (208) Arc 4
မင်ရှန်တောင်ကြား

လုရွှမ်သည် သူ့လက်များကို အေးဆေးစွာဝှေ့ယမ်းကာ ​ပြဿနာ မရှိကြောင်း ပြလာတာကို မြင်ရသောအခါ လုံယင်မှာ မပျော်မရွှင် ဖြစ်မိပြန်သည်။

ဒါပေမဲ့ ရုတ်တရက် တစ်ဖက်သားကို အော်ငေါက်ရဲတဲ့ သတ္တိမရှိတော့ဘူး ဆိုတာ သိလိုက်ရသည်။ လုရွှမ်ဟာ သူတော်စင်တစ်ပိုင်း ကမ္ဘာကို အလေးအနက် မထားဘဲ ကျောပိုးအိတ်ကိုတောင် မပြင်ဆင်လာတဲ့အတွက် အရင်က အပြစ်တင်ခဲ့ဖူးသည်။

တကယ်တော့ သူဟာ သူတို့ထက် အများကြီး ပိုပြင်ဆင်ပြီး စေ့စပ်သေချာတယ် ဆိုတာ တွေ့လိုက်ရလေ၏။

သူမဟာ ကြိုးကြိုးစားစားနဲ့ အများကြီး ပြင်ဆင်လာခဲ့ပေမယ့်  တခြားတစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါး လှုပ်ရှားပြီး သူမရဲ့ မာနတွေ လွင့်စင်သွားအောင် လုပ်ပစ်ခဲ့သည်။

ဒေါသနှင့် မကျေနပ်သော်လည်း ပိုအရေးကြီးသည်မှာ ချီးကျုးမိခြင်းနှင့် ရှက်စိတ်တို့သာ ဖြစ်သည်။ သူမ နည်းနည်းတော့ စိတ်ပျက်မိပါ၏။ ဒီလိုမျိုး အမြဲ တခြားသူတွေအပေါ် ဆက်ဆံတတ်တာလား။

ဒေါသမထွက်သင့်တာကို ရုတ်တရက် သိလိုက်ရပေမယ့် မထိန်းနိုင်ခဲ့ဘူး။

သူတော်စင်တစ်ပိုင်စ ကမ္ဘာသို့ မ၀င်ရောက်မီတွင် သူမသည် သက်ကြီးရွယ်အိုများထံမှ သူတော်စင်တစ်ပိုင်း လောကအကြောင်းကို အခြေခံအားဖြင့် နားလည်ခဲ့သည်။ ကောင်းကောင်း ပြင်ဆင်ထားပြီလို့ ခံစားမိပေမယ့် ဝင်လာတာနဲ့အမျှ ဆုံးရှုံးမှုနှစ်ခုကို ခံစားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

အရင်က လည်နေတဲ့ ခံစားချက်ကို မပြောနဲ့တော့။ အဲဒါက အူတွေဗိုက်တွေကို ပွင့်ပွက် အန်လုမတတ် ဖြစ်သွားစေ၏။ သက်ကြီးရွယ်အိုများက အကြိမ်ကြိမ် ပြောသည်ကို ကြိမ်ဖန်များစွာ ကြားသိခဲ့ရသော်လည်း ကိုယ်တိုင်ကြုံတွေ့ ပြီးနောက်တွင် တုန်လှုပ် ချောက်ချားမှုနှင့် ဖော်မပြနိုင်သော ထိတ်လန့်မှုတို့ကိုသာ တွေ့ရှိခဲ့​တော့သည်။

သူတို့ ပြင်ဆင်ထားတဲ့ ဆေးတွေကို ထုတ်ယူဖို့တောင် ခွန်အား မရှိတဲ့အချိန် လုရွှမ်က အစောကတည်းက သူတို့အတွက် ဆေးလုံးတွေကို ပါဝင် ပြင်ဆင်ပေးလာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now