Arc 4🗡199🗡သေရမယ်

41 8 0
                                    

Chapter (199) Arc 4
သေရမယ်

သည်းမခံနိုင်သော ညည်းသံနှင့်အတူ ဆူညံသော အသံများသည် အနီးနားတွင် ငလျင်ကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်သည်လည်း ခဏတာ လှုပ်ခတ်သွားတာကို ခံစားလိုက်ရသည်။

အလင်းရောင် ပျောက်ကွယ်သွားပြီး လုရွှမ်သည် ဂုဏ်ယူစွာ မတ်တပ်ရပ်လျက် သူ့လက်ဖဝါးအောက်တွင် ညည်းတွားနေသော သူတော်စင် သားရဲတစ်ကောင် ရှိ​​နေသည်။

၎င်းမှာ စစ်သေနာပတိဟန်၏ သူတော်စင် သားရဲပဲ ဖြစ်သည်။ စစ်သေနာပတိဟန်လည်း မည်းမှောင်သော မျက်နှာဖြင့် ကောင်းကင်မှ ပြင်းထန်သော ရောင်ဝါနှင့် သတ်ပစ်တော့မည့် ရည်ရွယ်ချက်ဖြင့် ပျံသန်းလာခဲ့သည်။

"မင်း ငါ့ရဲ့ ကျွေးဖုန်းကို သတ်လိုက်တယ်!!"

စစ်သေနာပတိဟန်က ဟောက်လိုက်ပြီး သူ့အသံက ပွက်ပွက်ဆူနေတဲ့ ချော်ရည်လို ပူလောင်သော ဒေါသအပြည့်နဲ့ ထွက်ပေါ်လ ၏။

လုရွှမ် သားရဲ၏ ဦးခေါင်းပေါ်သို့ သူ့လက်ဖဝါးကို ပေါ့ပေါ့ဆဆ ဖိလိုက်ပြန်သည်။ လျှပ်တပြက်နှင့် စွမ်းအားက အလွန်သေးငယ်ပုံ ရသော်လည်း သားရဲသည် မလှုပ်တော့ဘဲ လုံးဝ သေဆုံးသွားခဲ့သည်။

"ရှောင်ကျောက်.... ဒီသားရဲဦးချိုကို မင်းရဲ့ခန္ဓာကိုယ် အင်အားကို အရင်ဖြည့်တင်းဖို့ ပေးလိုက်မယ်"

လုရွှမ်သည် သားရဲ၏ ဦးခေါင်းထိပ်ရှိ ရွှေဦးချိုပေါ်တွင် ဖိထားပြီး ပြင်းထန်သော စွမ်းအားဖြင့် တစ်ချက် ဖိလိုက်တာနဲ့ ချိုက တစ်ချက်တည်းဖြင့် ကျိုးသွားသည်။ ရွှေဦးချိုကို ဝမ်ကျောက်ဆီကို ပစ်​ပေးလိုက်၏။

"ဟုတ်ကဲ့ပါ ဆရာ"

ဝမ်ကျောက်က အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီးနောက် ရွှေချိုကို ယူကာ တုံ့ဆိုင်းမနေဘဲ ကိုက်လိုက်တော့သည်။

စူးရှသော အသံနှင့်အတူ ရွှေချိုကို ဝမ်ကျောက်တစ်ယောက် အကြိမ်အနည်းငယ် ကိုက်ဝါးပြီး တစ်ဆက်တည်း မျိုချပစ်လိုက်သည်။

လူတိုင်း ထိတ်လန့်သွားကြသည်။

လုရွှမ် သူတော်စင် ရွှေဦးချိုသားရဲကို လက်ဖဝါး တစ်ဖက်တည်းဖြင့် သတ်နိုင်တဲ့ လုရွှမ်၏ ထူးကဲသော စွမ်းရည်ကို သုံးသပ်ကြည့်လျှင် လူတိုင်းက ကျိုးကြောင်း ဆီလျော်သည်ဟု ထင်​ကြသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Nơi câu chuyện tồn tại. Hãy khám phá bây giờ