Part - 83 [Uni&Zaw]

8.2K 556 101
                                    

Unicode

[ 🔞 +ခန်းဖြစ်ပါသည်။ဖတ်ဖို့အဆင်မပြေပါက ဤSceneအား ဖယ်ချန်ပြီးဖတ်ပေးပါရန်။🔞 ]

ဒေါ်သိင်္ဂီက စက်ရှိန်အတွက်ကော်ဖီလာပို့ရင်း ခေါင်းမူးနေတာကြောင့် ဆေးသောက်ပြီး အစောအိပ်ရာဝင်မည်ဖြစ်ကြောင်းနဲ့စက်ရှိန်ကိုသေချာလိုက်ပို့ဖို့တုတုကိုမှာသွားတာဖြစ်သည်။စက်ရှိန်ကိုယ်တိုင်လည်း ပြောစရာစကားတစ်ချို့ပြောပြီးတာနဲ့  မကြာခင်ပြန်တော့မှာမို့ ဒေါ်သိင်္ဂီကို အေးအေးဆေးဆေးအနားယူဖို့နဲ့စိတ်မပူဖို့ပြောကာကျန်ခဲ့လိုက်သည်။

"သောက်လေ ဦးစက်....၊ဦးစက်က ကော်ဖီဆို သကြားမထည့်တတ်ဘူးလို့ မေမေ့ကိုပြောထားတယ်....၊ဒါမဲ့သကြားလိုချင်ရင်တော့ စားပွဲပေါ်မှာရှိတယ်"

တုတုက အမွှေးအိုးလေးထဲနံ့သာမှူန့်တစ်ချို့ဖြူးလိုက်ရင်း စက်ရှိန်ကိုစားပွဲဘက်ကို မေးဆတ်ပြသည်။စက်ရှိန်လှမ်းကြည့်လိုက်တော့ သူ့အိမ်က သကြားဗူးလေးနှင့်တစ်ပုံစံထဲတူသည့်သကြားဗူးလေးဖြစ်နေသည်။ကြည့်ရတာ အစကတည်းက Couple သကြားဗူးလေးဖြစ်ဟန်တူသည်။

စက်ရှိန် ချာတိတ်ကိုကြည့်နေရင်း စိတ်ထဲအလိုမကျဖြစ်လာရသည်။အရင်ကလို စက်ရှိန်ရှေ့ရောက်တာနဲ့ တက်ကြွနေတဲ့ ကလေးလေးပုံစံနဲ့ကွဲထွက်နေတာ ငြိမ်သက်တိတ်ဆိတ်လွန်းနေသည်။ထို့အပြင် လှုပ်ရှားမှု့တိုင်းက ခပ်အေးအေးနဲ့အသက်မဲ့နေသလို။

"မင်းအဆင်ပြေရဲ့လား ချာတိတ်"

"တုတုက အဆင်မပြေစရာဘာရှိမှာလဲ ဦးစက်ရဲ့....၊ကော်ဖီတွေက အခုထိမထိရသေးဘူးနော်....၊ဘာလို့လဲ တုတုဆေးခပ်မှာစိုးလို့လား"

ရယ်သံညင်းညင်းလေးနဲ့ပြောလာသည့် တုတုစကားက စက်ရှိန်အတွက် နားလက်မခံနိုင်သည့်အလား ခါးသက်သွားရ၏။ထို့ကြောင့် သောက်ဖို့‌ပြင်နေသည့်ကော်ဖီခွက်ကို ပန်းကန်ပေါ်အသားပြန်တင်လိုက်၏။

"စောစောကပြောခဲ့သလိုပဲ....၊မင်းခံစားချက်နဲ့ပတ်သတ်တဲ့ တစ်ချို့ကိစ္စတွေကိုကိုယ်သိတယ် ချာတိတ်....၊မင်းအနေနဲ့ဆို အသက်အရွယ်လည်းငယ်သေးတယ်၊မင်းဘဝမှာ ဆက်လျှောက်စရာ လမ်းအရှည်ကြီးလည်းရှိသေးတယ်.....၊ဒါ့ကြောင့် ရေတိုနည်းလမ်းနဲ့ ပြဿနာတွေကိုမဖြေရှင်းသင့်ဘူးလို့ ကိုယ်ကတော့ အကြံပေးချင်တယ်"

You are My BoneWhere stories live. Discover now