Part - 85 [Uni&Zaw]

16.4K 837 139
                                    

Unicode

အသိစိတ်တို့က နိုးကြားလာတာနှင့် ကျင်နေသည့်လက်မောင်းနဲ့ရင်ခွင်ထဲကအထိအတွေ့ကိုအရင်ခံစားမိသည်။ဘာတွေဖြစ်သွားလဲ ထပ်စဥ်းစားစရာမလိုအောင် အသိစိတ်သည်စိတ်ပျက်ဖွယ်ကောင်းစွာ သိမ်းဆည်းမှု့အားကောင်းလွန်းနေသည်။

မှားသွားပြီဆိုတာမျိုးမဟုတ်ဘဲ သူများချပေးတဲ့အမှားကွက်မှာ သူကိုယ်တိုင်ခြေစုံရပ်မိခဲ့ခြင်း။ဒါက သူနုံအထုံထိုင်းခဲ့လို့မဟုတ်ဘဲ ယုံကြည်ခဲ့မိလို့သာ။ထိုကလေးကို သူလျော့တွက်ခဲ့မိသည်။မျက်ဝန်းတွေမဖွင့်ချင်နေသည့်တိုင် ရှက်ဖွယ်ကောင်းသည့် ဤပုံစံကိုတော့ သူရှင်းလင်းဖို့လုပ်ကိုင်ရအုန်းမယ်။

"ကျွီ!"

စက်ရှိန်မျက်ဝန်းတွေဖွင့်ဖို့အားယူလိုက်တုန်း ရုတ်တရပ် တံခါးဖွင့်သံ‌ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားသလိုပင်။အသက်ပင်ရဲရဲမရှုနိုင်တော့သလို၊ဤပုံစံအခြေအနေနဲ့ တစ်ယောက် ယောက်မြင်သွားရင်ဆိုသည့်အတွေးက ဦးနှောက်တွေကိုမီးမြှိုက်ကာအရည်ဖျော်ချခံလိုက်ရသလို ရှက်ရွံသိမ်ငယ်သွား၏။

စက်ရှိန်မျက်ဝန်းတွေပိတ်ထားလျက်ပင် အသံကိုနားစွင့်မိပေမယ့် ခြေလှမ်းတွေက သူတို့နားထိရောက်လာပုံမပေါ်ပေ။ခဏလောက်ကြာတော့ လှည့်ထွက်သွားသလိုခြေသံကြောင့် စက်ရှိန်မျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်မိတော့ တံခါးပိတ်ကာထွက်သွားသည့်ကျောပြင်။

ဒေါ်သိင်္ဂီ.....။
သွားပြီ ဖန်နေစက်ရှိန်။မင်းဘဝတစ်ခုလုံး လှလှပပကြီးချုပ်ကိုင်ခံလိုက်ရပြီ။

ထို့နေ့က မနက်စာကို ဒေါ်သိင်္ဂီ၊ချာတိတ်နဲ့သူ သုံးယောက်သား လက်စုံစားခဲ့ကြသည်။စားပွဲဝိုင်းမှာ တစ်ယောက်မှစကားမဆိုပဲတိတ်ဆိတ်နေသည့်တိုင် အခြေအနေတစ်ခုလုံးက အစီအစဥ်တကျ အံ့ဝင်ဂွင်ကျဖြစ်သွားပြီဖြစ်သည်။

"သားလေးက နေသိပ်မကောင်းသေးဘူးဆိုတော့ နောက်နေ့တွေကျရင်လည်း အကြိုအပို့လုပ်ပေးဖို့ မောင်နေ့ကိုပဲ အကူအညီတောင်းရတော့မှာပဲ"

အမိန့်ပေးတာမဟုတ်သော်ငြား မလွန်ဆိုင်နိုင်အကြောင်းတရားတွေဟာ ဖော်ပြစရာမလိုအောင်ရှိနှင့်နေပြီးသားမို့ စက်ရှိန်ခေါင်းညိတ့်လိုက်မိသည်။အခုအချိန် တစ်ဖက်အသိုင်းအဝိုင်းဘက်က ဘာပဲပြောလာလာသူမှာ ငြင်းဖို့အတွက် လုံလောက်သည့်အကြောင်ပြချက်တွေမရှိတော့ပါ။ဖွင့်မပြောသည့်တိုင် မမြင်ရသည့်ထိန်းချုပ်ကြိုးတွေက စက်ရှိန်ရဲ့သိက္ခာတရားတို့နှင့်ဘဝတစ်ခုလုံးကို အမြစ်ကနေတုတ်ချည်ထားနှင့်ပြီးဖြစ်သည်။

You are My Bone Where stories live. Discover now