Unicode
ဝမ်းနည်းဖွယ်ကောင်းစွာပင် စစ််ဆင်ရေးကျဆုံးသွားခဲ့ရသည်။အသေအပျောက်ရှိခဲ့သလို လွတ်မြောက်သွားသည့် သူ့ရဲ့အဖွဲ့ဝင်တစ်ချို့လည်းရှိသည်။ခေါင်းဆောင်ဖြစ်တဲ့သူကတော့ ဖမ်းဆီးခံခဲ့ရ၏။
"မင်းတို့နဲ့ဘာအတွက်မှညှိ့နှိိုင်းဖို့မရှိဘူး"
ဦးသက္က သွေးတစ်ပွက်ကိုထွေးထုတ်လိုက်ရင်းခပ်မာမာပြန််ပြောလိုက်သည်။အသက်အရွယ်ကြောင့်သက်လုံနည်းနေသည့် ဦးသက္က၏ခန္ဓာကိုယ်သည် များစွာသောဒဏ်ရာအနာတရတို့ကြောင့် လက်ချောင်းတွေပင်လှုပ််ဖို့အတွက် မစွမ်းဆောင်နိုင်ပါ။
"မြစိမ်းရောင်တောင်ပံအဖွဲ့က ဖျက်သိမ်းခံလိုက်ရတာ နှစ်အတော်လေးကြာသွားပြီမလား....၊ခင်ဗျားက ဘယ်လိုဖြစ်လို့....၊ဘာလဲ မြစိမ်းရောင်တောင်ပံရဲ့နောက်ဆုံးမျိုးဆက်လား"
သေနတ်ပြောင်းဝနဲ့မေးကိုပင့်စေပြီးမေးတော့ ဦးညွှန်းသက္ကနူတ်ဆိတ်နေသည်။ထိုအခါ မေးနေတဲ့လူက စိတ်တိုသွားသလို သေနတ်ကိုင်ထားတဲ့လက်နဲ့ ဦးညွှန်းသက္ကမျက်နှာကိုခပ်ပြင်းပြင်းတစ်ချက်လွှဲရိုက်လိုက်တာကြောင့် ဦးညွှန်းသက္ကကြမ်းပြင်ပေါ်မျက်နှာမှောက်ကျသွားသည်။ခံတွင်းထဲမှထွက်လာတဲ့သွေးနဲ့ဦးခေါင်းကထွက်လာတဲ့သွေးတို့က စေးပျစ်နီရဲနေကာ ကြမ်းပြင်ပေါ်မှာ အကြည့်ရဆိုးနေလျက်။
"မြစိမ်းရောင်အတောင်ပံမှာ နောက်ဆုံးမျိုးဆက်ဆိုတာမရှိဘူး....၊မင်းတို့လို နိုင်ငံအပေါ်ဖျက်စီးနေတဲ့ဒုစရိုက်ကောင်တွေရှိနေသ၍ မြစိမ်းရောင်အတောင်ပံကဆက်ရှိနေဦးမှာပဲ"
သွားကြားစေ့သံနဲ့ခက်ခက်ခဲခဲပြောနေရသည့် စကားလုံးတို့က ထိုလူတစ်စုအတွက်တော့ ပေါက်ကွဲစေတဲ့ ဗုံးတစ်လုံးနှယ် အထိန်းအကွတ်မဲ့စေလျက်။
"အဲ့လိုဆိုတော့လည်း ပေါ်လာသမျှတစ်ကောင်မကျန်သတ်ပစ်ပေးပြီး အမြစ်ပါမကျန်အောင်မြေလှန်ပေးရမှာကျုပ်တို့တာဝန်ပေါ့"
"မင်းတို့ဘယ်လောက်ပဲ မြစိမ်းရောင်တောင်ပံကိုအမြစ်လှန်နိုင်ရုံမကလို့ ဒီကမ္ဘာကြီးကနေပျောက်ကွယ်သွားအောင်လုပ်နိုင်ရင်တောင် နိုင်ငံချစ်စိတ်ရှိတဲ့ ငါတို့လိုလူတစ်ယောက်ထပ်ပေါ်လာရင် အဲ့တာလည်း မြစိမ်းရောင်တောင်ပံရဲ့အခက်အလက်တွေပဲဆိုတာ မှတ်ထား"
YOU ARE READING
You are My Bone