Unicode
ဘေးကနေဝိညာဏ်လွှင့်နေသူလို လိုက်ပါလာသည့် သူ့လူကိုကြည့်ရင်း ဇမ်းစိတ်မကောင်းဖြစ်မိသည်။မနေ့ညက သူ့ရှေ့မှာဒူးထောက်ကာ ငိုခဲ့သည့် သူ့လူမျက်နှာလေးကို မျက်လုံးထဲကမထွက်။
"
ဇမ်း...ငါ...ငါ ဒီလိုဒူးထောက်ပြီး မင်းကိုတောင်းပန်ပါ့မယ်....၊ဒါမှ မရသေးလို့ ငါ့အသက်နဲ့ပါ လောင်းကြေးထပ်ပေးရမယ်ဆိုလည်း ငါ...ငါပေးပါ့မယ် ဇမ်း..."
အထစ်ထစ်အငေါ့စကားတွေအဆုံးမှာ ညွှန်းမျက်ရည်တို့တာကျိုးသလိုငိုသည်။ဒီအခြေအနေကြီးကို ဇမ်းလိုက်မမှီပါ။အခုထိ ဒူးထောက်တောင်းပန်နေတဲ့ညွှန်းကို သူမထူဖြစ်သလို၊ဘာအခြေအနေဆိုတာလည်း မသုံးသပ်နိုင်သေးဘဲ.....၊
"ညွှန်း...ဘာဖြစ်တာလဲ...၊ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော"
အတင်းဆွဲထူတော့လည်းထမလာတာကြောင့် ဇမ်းလည်း ခုံပေါ်ကဆင်းကာကြမ်းပြင်ပေါ်ဒူးတစ်ဖက်ထောက်ထိုင်လိုက်သည်။ပြီးနောက် ညွှန်းမျက်နှာလေးကိုမော့ယူကာ မျက်ရည်တို့ကိုအသာသုတ်ပေးသည်။
"ဘာဖြစ်လို့လဲ....၊ဘာကိစ္စမလို့ ကိုယ့်ကိုတောင် ဒူးထောက်ပြီး ဒီလိုပုံစံဖြစ်နေရတာလဲ"
"ဇမ်း....ဇမ်း..."
ညွှန်းသည် သူ့အင်္ကျီရင်ဘတ်ကို လက်နဲ့တင်းတင်းဆုပ်ကာ မျက်ရည်တွေကျပြန်သည်။မျက်ရည်တို့က ဇမ်းကသုတ်ပေးလေ ပိုကာအားကောင်းလာလေမို့ ဇမ်းပါးချင်းကပ်ကာခြောက်သွေ့စေသည်။
"ဖြစ်ချင်တာသာပြောလိုက်....၊ကိုယ်မင်းအတွက် မင်းရှေ့မှာရပ်ပေးနေမှာ"
"ဖေဖေ...."
အဆုံးအစမရှိထွက်လာသည့် နာမ်စားကြောင့် ဇမ်းမှာဘာမှအစအနကောက်မရ။
"မြစိမ်းရောင်တောင်ပံအဖွဲ့အစည်းရဲ့ခေါင်းဆောင်....၊ဖေဖေ...အဲ့တာ ငါ့ဖေဖေ"
ညွှန်းပါးပေါ်ကဇမ်းလက်တွေပြုတ်ကြရသည်။
"ဘယ်လိုဖြစ်တာလဲ....၊အန်ကယ်က ဘယ်လိုဖြစ်ပြီး...."
YOU ARE READING
You are My Bone