Unicode
နိုးနိုးချင်းမျက်ဝန်းတွေမဖွင့်နိုင်ခင်မှာပဲ ခန္ဓာကိုယ်ရဲ့နာကျင်မှု့တစ်ချို့ကိုခံစားလိုက်ရ၏။လှုပ်လိုက်တာနဲ့ နာကျင်သွားတာကြောင့် ညွှန်းမျက်နှာလေးကိုမဲ့လိုက်မိပေမယ့် ချစ်ရတဲ့အမျိုးသားငယ်လေးရဲ့ပွေ့ဖက်မှု့နဲ့အတူ ရင်ခွင်ထဲတိုးဝင်နေရသည့်အဖြစ်ကိုသတိရသွားတော့ နာကျင်တာတွေပြေပျောက်သွားသလိုပင်။
ဤအကြိမ်သည် ဇမ်းနဲ့သူ့ရဲ့ဒုတိယအကြိမ်မြောက်ပေါင်းစည်းခြင်းပင်။တစ်နည်း တရားဝင်ပေါင်းစည်းခြင်းမဟုတ်လား။ညွှန်းအတွေးနဲ့အတူ မျက်နှာလေးပူနွေးသွားရကာ အကြောင်းအရင်းမဲ့ ဇမ်းရင်ခွင်ထဲမျက်နှာအပ်လိုက်မိသည်။သို့သော် အကြောင်းအရင်းမဲ့မဟုတ်တာတော့ ညွှန်းကိုယ်တိုင်သာသိပါ၏။
လူငယ်ဖြစ်သည့်အပြင် ထိန်းချုပ်ထားရသည့် စိတ်ဆန္ဒအားလုံးကို ပွင့်အန်ထွက်ခွင့်ရသွားသည့် ဇမ်းသည် မနေ့ညက အတော်ကို ဆိုးသွမ်းလွန်းပါသည်။ကျွမ်းကျင်လွန်းသည့် ဇမ်းရဲ့ အချစ်ဝဲဂယက်မှာ ညွှန်းအကြိမ်ကြိမ်နစ်မွန်းသွားရတာမို့ ပင်ပန်းနာကျင်တာတွေပင် ပျောက်ကွယ်လုနီးနီး။ဒဏ်ရာတွေရနေတာတောင် ဇမ်းရဲ့စွမ်းဆောင်ရည်ကျ နောက်စရာမဟုတ်တာကိုညွှန်းသိလိုက်ရပြီဖြစ်သည်။ပထမအကြိမ်တုန်းက ညွှန်းအသိမဲ့နေချိန်မို့ ဘယ်လိုအခြေအနေဆိုတာမသိခဲ့။သို့သော် မနေ့ညက ဖြစ်အင်နဲ့တင် ညွှန်းချိန်ဆကြည့်လို့ရနိုင်ပါသည်။ဒါက နည်းနည်းတော့ ရှက်စရာကောင်းတယ်မဟုတ်လား။
အချိန်က အခုမှ ၄နာရီလောက်သာရှိဦးမည်။အအေးဓာတ်ပိုနေသည့်အချိန် မီးစာနည်းနေသည့် မီးပုံလေးက တစ်ဖျစ်ဖျစ်အသံပေးရင်း အနွေးဓာတ်ပေးနေ၏။ညွှန်း မီးစာဖြည့်ဖို့အတွက် ဇမ်းရင်ခွင်ထဲက ထွက်ဖို့ပြင်မှ တစ်စုံတစ်ခုကိုသတ်ထားမိသွားသလို ရင်ပူသွားရသည်။ဇမ်းရဲ့ ကိုယ့်အပူချိန်က ပုံမှန်ထက်များစွာပိုနေ၏။
"ဇမ်း..."
"........."
ညွှန်း မသင်္ကာတာကြောင့် ဇမ်းကိုလှုပ်နှိုးလိုက်ပေမယ့် ထင်တဲ့အတိုင်းပင်ဇမ်းက တုန့်ပြန်မလာခဲ့ပေ။ညွှန်းချက်ချင်းပင် ဇမ်းရင်ခွင်ထဲက ထွက်ကာ ဇမ်းအခြေအနေကိုစစ်ဆေးကြည့်ဖို့ပြင်ရတော့သည်။စောစောကအထိ နာကျင်နေတာတွေပင် ရင်ထဲက အပူကြောင့် ဘယ်ဆီရောက်ကုန်ပြီမသိ။ညွှန်း ဇမ်းရဲ့ဒဏ်ရာတွေကို တစ်ခုချင်း စစ်ဆေးကြည့်မိတော့ ဆေးကြောင့်အနည်းငယ်သက်သာစပြုနေသည့် ဝမ်းဗိုက်က ဒဏ်ရာက ပြန်ပွင့်ကာ အဖျားဝင်သွားပုံပင်။ထို့ကြောင့် ညွှန်း မီးပုံကို မီးစာအရင်ဖြည့်ပြီးတာနဲ့ ဇမ်းဒဏ်ရာကိုသန့်စင်ဖို့ရေခပ်တာနဲ့ ကျန်နေတဲ့ဆေးရွက်တွေကို ပြင်ဆင်တာတွေပြန်လုပ်ရတော့သည်။
YOU ARE READING
You are My Bone