Friend

10K 558 69
                                    


မှတ်​မိပါ​သေးတယ်​ ...
ကျမဘဝထဲကိုသူဝင်​လာခဲ့တဲ့​နေ့​လေး..

အသည်းခိုက်​​အောင်​​အေးတဲ့​နှင်း​တွေတဖွဲဖွဲကျ​နေတဲ့
ဆောင်းတွင်းမနက်​ခင်းတစ်​ခုမှာ...
ကျောင်းအသစ်​ကို​ပြောင်းလာရတဲ့
အလယ်​တန်းပထမနှစ်​မှာ...

လူ​ကြောက်​တတ်လို့
ထိုင်​ဖို့​နေရာ ကို​ကြောင်​​တောင်​​တောင်​နဲ့လိုက်​ရှာ​နေတဲ့
ကျမကို..

"ဒီမှာလာထိုင်​လို့ရတယ်​" လို့အသံ​သေး​သေး​လေးနဲ့
ထ​ပြောခဲ့တဲ့...
တွန့်​ဆုတ်​ဆုတ်​ဖြစ်​​နေတဲ့ကျမကို အား​ပေးသလို
သွား​သေး​သေး​လေး​တွေအကုန်​​ပေါ်​အောင်​ပြုံးပြခဲ့တဲ့.
မျက်​လုံး​ဖောင်း​ဖောင်း ​လေး​တွေနဲ့​ကောင်​​လေး...

အဲ့ဒီ​နေ့ကပြတင်း​ပေါက်​က​နေလှမ်းမြင်​ရတဲ့
တဖွဲဖွဲကျ​နေတဲ့နှင်း​တွေ​နောက်​ခံနဲ့သူဟာ.
အနည်းငယ်​အသားညို​ပေမယ့်..
ဖြူစင်​​တောက်​ပတဲ့အပြုံး​လေး​တွေနဲ့...

နောက်​ထပ်​နှစ်​​ပေါင်းများစွာတို​​င်​​အောင်
ကျမ​ဘေးမှာရှိ​နေ​ပေးမယ့်
အချစ်​​ဆုံးသူငယ်​ချင်းတစ်​​ယောက်​ဖြစ်လာခဲ့တယ်​​..
~~~~~~~~~~~~~~~~~~~~~~
အလယ်​တန်းပထမနှစ်​....

ကျောင်း​ပြောင်းလာတဲ့ကျမကို အများကြီးကူညီ​ပေးပြီး
စာ​တွေလည်းကူရှင်းပြ​ပေးတဲ့သူဟာ.
စာ​တော်​တဲ့​ကျောင်းသားတစ်​​ယောက်​မဟုတ်​သလို
အ​ပေါင်းအသင်းဆံ့တဲ့သူတစ်ေ​ယာက်​လည်းမဟုတ်​ခဲ့ပါဘူး.
သူဟာ..ကျမလိုပဲအ​ပေါင်းအသင်းဂျီးများတဲ့သူတစ်​​ယောက်
အလွယ်​တကူမိတ်​မဖွဲ့တတ်​တဲ့သူ..
လူများတဲ့​နေရာ​တွေကိုစိတ်​ရှုပ်​တတ်​ပြီး..
တစ်​​ယောက်​ထဲ​နေချင်​တဲ့သူ..
ဒါ​ပေမယ့် အခက်​အခဲ​​တွေ့​နေတဲ့လူ​တွေကို​တော့
ကူညီ​ပေးဖို့ ဘယ်​​တော့မှဝန်​​လေးတဲ့လူမဟုတ်​ပါဘူး..

ကျောင်းသူ အသစ်​ဖြစ်​ပြီး ​နေရာတကာဂျီးများတတ်​လို့
အ​ပေါင်းအသင်းမရှိတဲ့ကျမအတွက်​ ပထမဆုံးနဲ့
အချစ်​ရဆုံး သူငယ်​ချင်းတ​ယောက်​​တော့
သူဖြစ်​​ပေးခဲ့ပါတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now