Les Sacrifice

1.7K 241 49
                                    

Song suggestion>>
It will rain by Bruno Mars

"တကယ်​ပဲ အဲ့လိုလုပ်​မှဖြစ်​မှာလားGe"

ကျွန်​​တော့်​​ရှေ့မှာရပ်​​နေတဲ့
အသားဖြူဖြူ​ကောင်​မ​လေးက
ခါတိုင်းလိုမဟုတ်​ပဲ တည်​ငြိမ်​စွာ​မေးတယ်
သူမရဲ့ဆံပင်​အညို​ရောင်​​ရှည်ရှည်​​လေး​တွေက
လေထဲမှာတလွင့်​လွင့်​နဲ့..
နှုတ်​ခမ်းကိုကိုက်​လိုက်​​တဲ့အခါမှာ​တော့
အရင်​လိုက​လေးဆန်​တဲ့ပုံမျိုး​လေးပြန်​​ပေါ်လာ​လေရဲ့

သူမကကျွန်​​တော့်​ကိုမကြည့်​လိုစွာ
ရေပြင်​ဘက်​ကိုမျက်​နှာလွဲလိုက်​​တော့
အနည်းငယ်​ဖယ်​သွားတဲ့ဆံပင်​​တွေ​ကြောင့်
သူမလည်​တိုင်​ပေါ်က ​သွေး​ကြော​လေး​တွေ
လှုပ်​ရှားသွားလို့ တုန်​သွားတာကိုမြင်​ရပြန်​တယ်
ဝမ်းနည်းမှု​​တွေမျိုသိပ်​လိုက်​တာ​ကြောင့်​ဖြစ်​မယ်

အကြိမ်​ကြိမ်​မျိုချ​​နေတဲ့သက်​ပြင်း​တွေနဲ့အတူ
နာကျင်​မှု​တွေ​ကော ပါသွားပါ့မလား..
မျှော်​လင့်​ချက်​မရှိတဲ့အနာဂတ်​​တွေ..

"ယွဲမ်​ ah..Geစကားကိုနား​ထောင်​ပါကွာ
နော်​.."

ဆတ်​ကနဲလှည့်​ကြည့်​လာတဲ့သူမမျက်​လုံး​တွေက
ဒဏ်​ရာရ​နေတဲ့ကျားသစ်​မ​လေးလို

"ယွဲမ်​..Geကိုထွက်​သွားဖို့မ​ပြောဘူး​နော်​..
..Geကိုအပြစ်​မတင်​ခဲ့ဘူး​နော်​..
မိသားစုပြဿနာ​တွေက အချစ်​နဲ့​ရော​ထွေးပစ်​ဖို့
မလိုဘူး​လေ luhan ge..ယွဲမ့်​​ဘေးမှာ
ဘယ်​သူမှမရှိ​တော့ပါဘူးဆိုမှ..Geကပါ
Ge ကပါ ဒီလိုလုပ်​မှဖြစ်​မှာလား huh?"

ကျွန်​​တော်​ဘယ်​လို​ပြောရမှာလဲ..
သူမမှာအန္တရာယ်​များ​နေပြီ..
ဘိုးဘိုးက​ကြောက်​စရာ​ကောင်းတယ်
သူ​ရွေး​ကောက်​ပွဲမှာနိုင်​သွားပြီ
သမ္မတ ​တောင်​ဖြစ်​ပြီးသွားတဲ့​နောက်​မှာ
သူမလုပ်​နိုင်တာဘာမှမရှိ​တော့ဘူး

ဒီမှာ​နေရတာကိုသူမအတွက်​မလုံခြုံ​တော့ဘူး..

"ယွဲမ်​ ah..Ge​တောင်းပန်​ပါတယ်
ပါ့ပါနဲ့လိုက်​သွားပါ"

မျက်​ရည်​​တွေကျမလာ​အောင်​ထိန်းထားလို့
တဖြည်းဖြည်းကျဉ်း​မြောင်းလာတဲ့သူမမျက်​လုံး​တွေက
ဒေါသနဲ့နာကျင်​မှု​တွေပြည့်​နှက်​​နေတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now