He Confessed but..

2.4K 308 75
                                    

"I just wanna know you better know.
You better now..
I just wanna know you better know
You better now..
I just wanna know you..know you.."

"ငါ ယွဲမ်​ယွဲမ့်​ကိုနမ်းလိုက်​တယ်​.."

"ဘာာာ???"

ကျွန်​​တော့်​ရဲ့အဆက်​အစပ်​မရှိ
ထ​ပြောတဲ့စကား​ကြောင့်
ဂစ်​တာတီး​ရင်း taylor swift
သီချင်းကိုခပ်​တိုးတိုးဆို​နေတဲ့
chanyeol ကအာပြဲနဲ့ထ​အော်​တယ်

သူ့​​မေး​စေ့ကလည်း
အောက်​ကိုသုံးလက်​မ​လောက်
ကျသွားပြီး​တော့..ပါးစပ်​အ​ဟောင်းသားနဲ့..
စက္ကန့်​ပိုင်းအတွင်းမှာပဲ
သူ့​မေးကိုသူကိုင်​ပြီးပြန်​တင်​ကာ
ကျွန်​​တော့်​ကို ​မေးပြန်​တယ်​..

"အစိုလား အ​ခြောက်​လား"

"Yarrr Park chanyeol!!!"

သူက ​တော့.
ကျွန်​တော်​လှမ်း​ပေါက်​လိုက်​တဲ့ ​ခေါင်းအုံးကိုဖမ်းပြီး
ကျွန်​​တော့်​အ​ဖြေကို​ကြားချင်​သလိုကြည့်​​နေတုန်း..
ကျွန်​​တော့်​ရဲ့တားမြစ်​သလို​အော်​သံက
သူ့အ​ပေါ်မသက်​​ရောက်​သလို..
သူကပဲ ​မေးသင့်​​မေးထိုက်​တာကို​မေး​နေသလိုပုံစံနဲ့..

Chanyeol ရဲ့အကြည့်​​တွေ​ကြောင့်
ကျွန်​​တော်​သူ့ကိုတိုင်​ပင်​ချင်​စိတ်​​တွေ
တဖွားဖွား​ပေါ်လာတယ်​..

Chanyeol ကသူငယ်​ချင်း​တွေကြားထဲမှာ
ဆရာကြီးတစ်​​ယောက်​..
အားလုံးရဲ့ချစ်​ခြင်းမုန်းခြင်းခံစားမှုပြဿနာ
တွေကိုအမြဲတမ်း အကြံ​ပေးတတ်​တယ်​..
သူ​​ပေးတဲ့အကြံဥာဏ်​​တွေ အသုံးဝင်​တာမဝင်​တာထက်
လှိုက်​လှဲ​နွေး​ထွေးပြီး သူများပြဿနာကိုသူ့ပြဿနာ
လိုပဲစိတ်​ဝင်​တစား​ဆွေး​နွေး​တတ်​တဲ့
သူ့အကျင့်​​ကြောင့်
သူ့ကို​ပြောပြလိုက်​ရင်​ အနည်းဆုံး​တော့
ပေါ့သွားမယ်​လို့ ထင်​တယ်​..

"မ​ထင်​မှတ်​ပဲ ဖြစ်​သွားတာ..
သူကမျက်​လုံးမှိတ်​လိုက်​တယ်​ကွာ..ငါလည်း."

Chanyeol ကကျွန်​​တော့်​ကိုဆက်​​ပြော​လေဆိုတဲ့ပုံနဲ့
မေးဆတ်​ပြတယ်​...
ပေါင်​​ပေါ်မှာဂစ်​တာတင်​ထားပြီး..လက်​တစ်​ဖက်​က ခုနကကျွန်​​တော်​ပစ်​​ပေါက်​လိုက်​တဲ့​ခေါင်းအုံးနဲ့
ကို့ယို့ကားယားပုံ​တောင်​မပြင်​​သေးပဲ chanyeol က
ကျွန်​​တော့်​ကို ဆရာကြီးပုံနဲ့ မျက်​လုံး​တွေ​မှေးစင်းပြီး
ကြည့်​​နေတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now