How could I let her go

1.9K 264 85
                                    

တ​စောင်းမြင်​​နေရတဲ့တိုင်​​..
သူမမျက်​နှာ​လေး​ပေါ်က
ဝမ်းနည်းမှု​တွေကထင်​ရှား​နေတယ်​..

"ဟုတ်​ကဲ့ဂရုစိုက်​ပြန်​ပါရှင်​"

ကျွန်​​တော်​စိတ်​မ​ကောင်းစွာ​တွေးမိတယ်​..
သူမကိုယ်​သူမ
စူပါဟီးရိုးတ​ယောက်​လိုများထင်​​နေတာလား..
မျက်​ရည်​က
အခုထိကျမလာ​သေးဘူး
ကြည့်​ရတာ..
ရင့်​ကျက်​တဲ့လူကြီးတ​ယောက်​လို.
ကြိုးစားပြီးဆုံးရှူံးမှုကို
ရင်​ဆိုင်​​နေတယ်​..

ကြောင်​​တောင်​​တောင်​ များဖြစ်​သွားတာလားလို့
တွေးမိ​ပေမယ့်​​လည်းသတိ​တော့ရှိ​သေးတယ်​..
ဧည့်​သည်​​တွေကိုနှုတ်​ဆက်​တယ်​..
အမျိုး​တွေကိုဘာလုပ်​​ဖို့လို​သေးလည်း​မေးတယ်​..

အနည်းငယ်​ပွ​နေတဲ့
သူမဆံပင်​​လေး​ပေါ်မှာညှပ်​ထားတဲ့
ဆံညှပ်​အဖြူ​ရောင်​​လေးက
ကျွန်​​တော့်ကိုဆိုးဝါးစွာရင်​နာ​စေ​လေရဲ့..
နဂိုထဲကဖြူ​ဖွေးလွန်းတဲ့အသားအရည်​က
ထိတ်​လန့်​မှု​ကြောင့်​များလားမသိ
ဖျော့​တော့​နေတယ်​..
ရေ​သောက်​ထားပုံမရ​တဲ့နှုတ်​ခမ်း​တွေက
ခြောက်​ကပ်​လို့..

ဘူဆန်​က​ရောက်​လာတဲ့သူမအဘွား
ရှိုက်​ကြီးတငင်​ငို​နေတာကို..
သူမအပြစ်​မကင်းသလိုပဲ
နှစ်​သိမ့်​ဖို့စကားရှာ​နေသလို
တုန်​​နေတဲ့နှုတ်​ခမ်းဖြူဖြူ​တွေကိုကြည့်​ရင်း..
ကျွန်​​တော်​ကပဲ သူမကိုယ်​စား
မျက်​ရည်​​တွေခဏခဏကျမိ​လေရဲ့..

"Luhan ge..အလုပ်​ရှိရင်​ပြန်​သွားလိုက်​​လေ..
တညလုံး​လေယာဉ်​စီးလာရတာမနားရ​သေးဘူးမလား"

ကြည့်​ပါလား..
သူမတကယ်​ဘယ်​လိုဖြစ်​​နေရတာလဲ..
အသက်​နှစ်​ဆယ်​​တောင်​မပြည့်​​သေးတဲ့
ကျွန်​​တော့်​ရဲ့​ကောင်​မ​လေး​သေး​သေး​လေးဟာ
ဘာလို့များဒီလိုဆိုးဝါးတဲ့ဆုံးရှူံးမှုကိုခံနိုင်​ရည်
ရှိသလိုလုပ်​​နေရတာလဲ..

ဘာလို့အခုထိမငို​သေးတာလဲ..
ကျွန်​​တော်​ရှိ​နေ​တာပဲ​လေ..
အနည်းဆုံး​တော့
ကျွန်​​တော့်​ပခုံး​ပေါ်​ခေါင်းမှီထားပြီး
ငြိမ်​ငြိမ်​​လေးထိုင်​​နေသင့်​တာ..

Three hearts..Two loves..One destiny..Where stories live. Discover now