Hope..Faith..and Love

2.2K 277 97
                                    

"Caterpillar in the tree,how you wonder you would be..can't go far but you can always dream.."

မားမာရဲ့နူးညံ့တဲ့အသံ​ရယ်​..
ကျမ​ခေါင်းကိုညင်​သာစွာပွတ်​​ပေး​နေတဲ့
သူမရဲ့လက်​​တွေ​ကြောင့်​..ကျမမျက်​ရည်​​တွေ
ထပ်​ကျလာပြန်​တယ်​..

ဒီလို​နွေး​ထွေးတဲ့ရင်​ခွင်​တခုက
ရှူံးနိမ့်​မှု​တွေအတွက်​အားမနာတမ်းငို​ကြွေးဖို့
အသင့်​​တော်​ဆုံးပါပဲ...

"မား.."

ကျမအသံက အက်​ကွဲစွာထွက်​လာတယ်​..
နှစ်​နဲ့ချီပြီး...
ကျမ​ပေးခဲ့ရတဲ့အချိန်​​တွေနဲ့
ကြိုးစားမှု​တွေက .

အဲ့ဒီ​ပြောင်​လက်​​နေတဲ့ကြမ်းခင်းမှာ​ရှောခနဲ
တချက်​ဟန်​ချက်ပျက်​သွားခဲ့ရုံနဲ့အကုန်
ရေစုန်​​မျှောသွားခဲ့တယ်​..

"ယွဲမ်​ ကအရမ်းညံ့တာပဲ​နော်​"

သူမ​ပေါင်​​ပေါ်မှာအိပ်​​နေတဲ့ကျမရဲ့
နှာ​ခေါင်းကို မားကမနာ​အောင်​ခပ်​ဖွဖွဆွဲတယ်​..

"မားသမီး​လေးကအ​တော်​ဆုံးဆိုတာ မားသိတယ်​.
လူတိုင်းလွဲ​ချော်​နိုင်​တာပဲ​လေ..
ပိုပြီး​ကောင်းတဲ့အခွင့်​အ​ရေးတခုသမီးကို
ဘုရားသခင်​က​ပေးမှာ
ဒါစိတ်​ဓာတ်​ကျစရာကိစ္စမျိုးမဟုတ်​ဘူး​နော်​..
ထပ်​မငိုနဲ့​တော့.."

"ဒါ​ပေမယ့်​..ယွဲမ်​အရမ်း​မျှော်​လင့်​ထားတာ
ပါရီမှာ​ကျောင်းတက်​ချင်​ပါ​တယ်​ဆို"

"​တော်​ပြီ​နော်​ယွဲမ်​..သမီးကဒီ​လောက်​ပဲ
မျှော်​လင့်​ထားတာလား..တ​ခေါက်​ရှူံးနိမ့်​တာနဲ့
ဘဝကြီးကပြီးသွားပြီလား...huh"

"....."

"မားငယ်​ငယ်​ကဆို#*¿¿$$£€"

ကျမသူမကို​မော့ကြည့်​မိတယ်​..
မားကအရမ်း​တော်​တဲ့အမျိုးသမီး
ကျမကိုကိုယ်​ဝန်​​ဆောင်​ရက်​နဲ့ ဗိသုကာမာစတာကို
မရရ​အောင်​တက်​ခဲ့တာ..
သူမတို့​ခေတ်​က ဆယ်​​ယောက်​ပဲရှိတဲ့အဲ့ဒီအတန်းမှာ
သူမတ​ယောက်​ထဲမိန်းက​လေး..
ပြီး​တော့အရမ်းလည်းပြတ်​သားတယ်​..
တရုတ်​လူမျိုးတ​ယောက်​ဖြစ်​​တဲ့ပါ့ပါ နဲ့လက်​ထပ်​တုန်းကလည်းတအိမ်​လုံးကိုဆန့်​ကျင်​ခဲ့တာ..

Three hearts..Two loves..One destiny..Where stories live. Discover now