Hurt me instead..

1.8K 259 38
                                    

ဘယ်​သူကထင်​မှာလဲ..
ကျွန်​​တော့်​ရဲ့ halloween night ကို..
ခေါင်းမှာပတ်​တီးအ​ဖွေးသားနဲ့ကုန်​ဆုံးရမယ်​လို့...

ခေါင်းမှာပတ်​တီးအ​ဖွေးသားနဲ့ကထားပါဦး..
ဘယ်​သူက​ထပ်​ထင်​မိဦးမှာလဲ..
ခေါင်းမှာပတ်​တီးအ​ဖွေးသားနဲ့ကျွန်​​တော်​ဟာ..
ခြေ​ထောက်​ဒဏ်​ရာ​ကြောင့်
ပြဇာတ်​မှာမပါဝင်​ရ​တော့လို့တငိုငိုတရယ်​ရယ်​လုပ်​​နေတဲ့
ဒီ drama queen ကြီးရဲ့ကုတင်​​ဘေးမှာထိုင်​ပြီး
နှစ်​သိမ့်​​နေရလိမ့်​မယ်​လို့..

"..ငါလမ်း​လျှောက်​နိုင်​တာပဲကို ဟင့်​.."

သူမကတရှူံ့ ရှူံ့ ငိုရင်း​ပြောတယ်​..

"​တော်​ပြီ ​တော်​ပြီ..ငါ​သေသွားတာပဲ​ကောင်းတယ်
မနက်​ဖြန်​ညဆိုရင်​သူတို့ကကြ
တော့မယ်​ Tao ah..ပါ့ပါက အရမ်းလွန်​တာပဲ
ငါလမ်း​လျှောက်​လို့ရတာပဲကို ဟင့်​"

"လမ်း​တော့​လျှောက်​လို့ရတာ​ပေါ့..က လို့​တော့
ဘယ်​ဖြစ်​မလဲ နင်​ကလည်း..မငိုနဲ့​တော့ တိတ်
ရုပ်​ဆိုးလိုက်​တာ ဘဲ မကြီးကျ​နေတာပဲ"

ကျွန်​​တော်​သူမနှာ​ခေါင်းဝမှာကျလာခါနီးနှာရည်​တချို့ကို
သုတ်​​ပေးရင်း​ပြော​တော့ ခဏရပ်​သွားပြီးကျွန်​​တော့်​ကို
ကြည့်​လာ​လေရဲ့..
အမှန်​​တော့ဒီ​လောက်​ဝမ်းနည်းစရာလည်းမရှိဘူးရယ်​..

ယွဲမ်​ယွဲမ်​ မ ဟာသူ့ရဲ့အပြစ်​​တွေဖုံးကွယ်​ချင်​လို့
ကျွန်​​တော်​ဂရုစိုက်​တာခံချင်​လို့တမင်​ ပို​နေတာ
အသိသာကြီး..
သူမအ​နေနဲ့​ပျော်​ရင်​​တောင်​​ပျော်​​နေမှာ.
ကျွန်​​တော်​နဲ့ပြန်​​ခေါ်ဖို့လမ်းစရလို့

အင်း..ဟုတ်​တယ်​..
ကျွန်​​တော်​လည်း ​ပျော်​တယ်​..

သူမရဲ့ ပါ့ပါက သူမ​ခြေကျင်းဝတ်​ကိုပလာစတာ
ကိုင်​ထား​ပေးတယ်​..မလို​ပေမယ့်
ဆေးရုံဆင်းမယ်​တကဲကဲလုပ်​​နေလို့တဲ့..

"ပါ့ပါ ဒီည ခွဲခန်းဝင်​စရာရှိတယ်​ဆို"

"အင်း.."

"နင်​.."

သူမကကျွန်​​တော့်​ကိုအကဲခတ်​သလိုကြည့်​ရင်း
ဆက်​​ပြောတယ်​...

Three hearts..Two loves..One destiny..Where stories live. Discover now