First kiss

2.7K 319 46
                                    

အဲ့ဒီ​နေ့က ​ကော်​ဖီအတူ​သောက်​ခဲ့တဲ့သမင်​မျက်​လုံးနဲ့
sunbae ဟာ သိပ်​မကြာခင်​ပဲကျမအ​တွေးထဲက
ပျောက်​သွားပါတယ်​..

နံပါတ်​တစ်​အချက်​..ကျမ​ကော်​ဖီမကြိုက်​ဘူး..
နံပါတ်​နှစ်​အချက်​..
သူစကား​ပြောပုံကိုလည်းကျမ မကြိုက်​ဘူး

ပြီး​တော့..​နောက်​ဆုံးအချက်​က.
ကျမ play boy ​တွေကိုမုန်းတယ်​..

အဲ့ဒါ​ကြောင့်​ပဲ..
ကော်​ဖီကြိုက်​တဲ့ play boy sunbaeကို
မကြာခင်​ပဲ​ခေါင်းထဲကထုတ်​လိုက်​တယ်​..
ကယ်​လိုရီ ကိန်းဂဏန်း​တွေနဲ့..
ကကွက်​​တွေအ​ကြောင်းပဲ ကျမ​ခေါင်းထဲမှာ
ပြန်​လည်​ပြည့်​နှက်​လာ​လေရဲ့...

~~~~~~~~~~~~~~~~~~
"1..2...3..4..1..2..3..4..tskk"

"မင်းရဲ့ပြဿနာက ဘာလဲသိလား?"

နောက်​ထပ်​တစ်​လကြာပြီး
သောကြာ​နေ့တစ်​ခုရဲ့​နေ့လည်​စာစားချိန်​မှာသူ့ကို
ပြန်​​တွေ့ခဲ့တယ်​..
အဲ့ဒီ.studio ခန်းထဲမှာပဲ..

သူဒီကိုpiano.တီးဖို့လာတတ်​တယ်​လို့
ကျမကို​ပြောခဲ့ဖူး​ပေမယ့်​..
နေ့လည်​ခင်းကြီးမှာ.သူ​ရောက်​လာမယ်​လို့
ကျမ မထင်​မိ..သူ့အ​ကြောင်းကို.
သိပ်​လည်းစိတ်​မဝင်​စားမိပါ​လေ..

ကျမသူ့ရဲ့ အရာရာသိ​နေသလို​ပြော​နေတဲ့
လေသံကိုမုန်းလိုက်​တာ..

"Huh..မင်းရဲ့ပြဿနာက ဘာလဲသိလား"

"ဘာကိုဆိုလိုတာလဲ?"

ကျမစိတ်​မရှည်​စွာပဲ သူ့မျက်​နှာကိုမကြည့်​ပဲ
ခပ်​ဆတ်​ဆတ်​​မေးပြီး ဖိနပ်​ကိုပြန်​ပြင်​စီးဖို့ကြမ်း​ပေါ်
ထိုင်​ချလိုက်​တယ်​..

"အနုပညာဆိုတာ..နည်းစနစ်​​တွေနဲ့ဖန်​တီးလို့မရဘူး"

ရပ်​​နေရာက​နေေ​ဆာင့်​​ကြောင့်​ထိုင်​ချလိုက်​ပြီး
ကျမမျက်​နှာကို
ငုံ့ကြည့်​ပြီး​ပြောတယ်​..

"နှလုံးသားနဲ့ဖန်​တီးရတာ.."

သူ့အသံကတကယ့်​တိုးတိုး​လေး​ပေမယ့်​..
ကျမနားထဲမှာအကျယ်​ကြီးကြားလိုက်​ရတယ်​...
သူအခု ကျမကို နည်းစနစ်​​တွေပဲအ​လေးထား
က.တတ်​တဲ့
ငတုံးတစ်​​ယောက်​လို​ပြောလိုက်​တာလား..

Three hearts..Two loves..One destiny..Where stories live. Discover now