My little sunshine

3.9K 409 49
                                    

ယွဲမ်​ယွဲမ်​.. .

က​လေး​လေးဘဝကတည်းကအခုထိ
ဘေးမှာရှိ​ပေးခဲ့တဲ့..
ကျွန်​​တော့်​ဘဝမှာကြုံလာရသမျှကံတရား​တွေထဲက
အလှပဆုံးကံ​ကောင်းခြင်းတစ်​ခု..

အလယ်​တန်းပထမနှစ်​မှာ​ကျောင်း​ပြောင်းလာတဲ့
ကျောပိုးအိတ်​အဝါ​ရောင်​​လေးနဲ့..အရုပ်​မ​လေးတစ်​ရုပ်​လို
အတန်း​ရှေ့မှာရပ်​​နေတဲ့သူမကို
တခြားသူ​တွေစကားအရင်
သွား​ပြောမှာ​ကြောက်​တာနဲ့
ကျွန်​​တော်​အမြန်​ဆုံးထပြီး
ဘေးမှာလာထိုင်​ဖို့​ပြောခဲ့တယ်​..

အဲ့ဒီတုန်းကသူမရဲ့အပြုံး​လေး...
နှစ်​​ပေါင်းများစွာကြာတာ​တောင်​မ​မေ့နိုင်​ခဲ့ပါဘူး..

အဲ့ဒီ​နေ့ကစပြီး..သူမဟာ..
ကျွန်​​တော့်​​ဘေးမှာနှစ်ေ​ပါင်းများစွာ​​ရှိ​နေ​ပေးမယ့်
အချစ်​ဆုံးသူငယ်​ချင်း တစ်​​ယောက်​ဖြစ်​လာခဲ့တယ်​.

~~~~~~~~~~~~~~~

အဆင်​မ​ပြေတဲ့အိမ်​တွင်း​ရေးပြသနာ​ပေါင်းများစွာနဲ့
ကြီးပြင်းလာရတဲ့ကျွန်​​တော့်​အတွက်​..
သူမဟာ တကယ့်​ကို angel ​လေးလိုပါပဲ...

အမြဲတမ်းအလိုမကျစရာ​တွေပြည့်​နှက်​​နေတဲ့အိမ်​က​နေ
ကျောင်းကို​ရောက်​လို့

"Tao ah.."
လို့ သူမအသံ​သေး​သေး​လေး​တွေနဲ့
ခေါ်သံကြားလိုက်​ရတိုင်း
ပျော်​ရွှင်​မှုဆိုတဲ့အရာကိုနားလည်​ခဲ့တယ်​..

စည်းကမ်းကြီးတဲ့ဘွားဘွားရယ်​..
တစ်​​သွေးတစ်​သံတစ်​မိန့်​ဆိုတဲ့ဘိုးဘိုးရယ်​..
ကျွန်​​တော့်​ကိုအင်းဆက်​တစ်​​ကောင်​ကို
ကြည့်​သလိုကြည့်​တတ်​တဲ့ ဦး​လေးရယ်​..

ကျွန်​​တော့်ရဲ့ငယ်​ဘဝဟာ..
သိပ်​ပြီးနှစ်​သက်​စရာ​ကောင်းလှတာ​တော့မဟုတ်​ဘူး..

ဆက်​ခံသူဆိုတဲ့..​နေရာတစ်​ခုအတွက်​..
ဒီလိုလူ​တွေကြားမှာ ရက်​စက်​စွာထားခဲ့တဲ့ MaMa
ကိုကျွန်​​တော်​ မုန်းတယ်​..

ကြင်​နာတတ်​တဲ့အစ်ကို​တစ်​​ယောက်​ရှိတာက.
စိတ်​သက်​သာရာ​တော့ အနည်းငယ်​ရ​စေခဲ့ပါတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now