Who love you more(finale)

4.7K 354 135
                                    

"စား စား"

"ဘာ​တွေလဲ baobei,
eww နှာ​ခေါင်းနှိုက်​ပြန်ုပြီလား?"

"ဟုတ်​တယ်​​..ဟုတ်​တယ်​..
နှပ်​​ချေးအကြီးကြီးရတယ်​..စား"

"Arrrr ရွံဖို့်​​ကောင်းလိုက်​တာ "

Zitao ကကြက်​သီးထစွာ​အော်​ပြီးလွင့်​ပစ်​တယ်
Beibeiကတဖြည်းဖြည်းဆိုးလာပြီ..

သူမကသ​ဘောကျစွာရယ်​ပြီး​အောက်​ကျသွားတဲ့
နှပ်​​ချေးကိုလိုက်​ရှာတယ်​..
တခစ်​ခစ်​ရယ်​​နေတဲ့အခါ beibeiဟာ
Luhan နဲ့သိပ်​တူတယ်​..

ကား​ထဲမှာ အလုပ်​ရှူပ်​​နေတဲ့သူတို့သားအဖကို
Luhan ကသတိလက်​လွတ်​​ငေးကြည့်​​နေတယ်​..

သူဘာလုပ်​သင့်​မှန်းသူမသိဘူး..

သူနဲ့သိပ်​တူလွန်းတဲ့က​လေး​လေးဟာ..
မြင်​ရုံနဲ့တင်​ သူ့သမီး​လေးဆိုတာသိသာလွန်းတယ်​..
ခုနက ကားထဲကထွက်​လာတဲ့က​လေး​လေးကို
Taoကအသာ​လေးပဲ​ပွေ့ချီပြီးသူ့ကို​ပြောတယ်​..

အချိန်​ခဏ​ပေးပါ တဲ့..

သူ့ရဲ့သမီး​လေးက Taoကိုပါ့ပါလို့​ခေါ်တယ်​..

ယွဲမ်​က​ကော..Taoနဲ့အတူရှိ​နေခဲ့တာ​ပေါ့..
တ​လျှောက်​လုံး..

က​လေး​လေးနဲ့အတူ...

အလိုမကျစိတ်​နဲ့ မနာလိုစိတ်​​တွေက
လှိုင်း​တွေလိုတရိပ်​ရိပ်​တက်​လာတယ်​..

သူတို့သုံး​ယောက်​ မိသားစု အဖြစ်

နာ​နေပြီးသား ရင်​ထဲကို
ထပ်​ပြီး ခပ်​ချွန်​ချွန်​အရာတခုနဲ့ထိုးစိုက်​လိုက်​သလို
စူး​အောင့်​လာပြန်​တယ်​..

သူ့ရဲ့ သမီး​လေးကို..

ဘာလို့လဲ..
ဘာလို့ ယွဲမ်​ ကပါ ဒီလို မျိုး..

က​လေးမ​လေးက ကားထဲက​နေ luhanကို
လှမ်းကြည့်​တယ်​..
သူမ မျက်​လုံး​လေး​တွေက..သူ့လိုပဲသိပ်​လှတယ်​..

"ပါ့ပါ..အပြင်​ကဦးဦးကဘာကို​စောင့်​​နေတာလဲဟင်​"

"​အော..ပါ့ပါနဲ့ခဏသွားစရာရှိလို့..
ဟိုတယ်​မှာ မမ​တွေနဲ့ခဏ​စောင်​​နော့်​ ဟုတ်​ပြီလား"

Three hearts..Two loves..One destiny..Where stories live. Discover now