Pls tell me it's juz a dream

2.1K 264 104
                                    

"​ခြေအိ​တ်​တွေကိုဒီလို​ရောထားလို့ဘယ်​ဖြစ်​မလဲ
ယွဲမ်​ယွဲမ်​..လိပ်​ထားမှ..ရှာရလွယ်​မှာ​ပေါ့"

မားမာ ကကျမဗီဒိုအံဆွဲထဲက 
ခြေအိတ်​နဲ့အတွင်းခံ​တွေကို
ဆွဲထုတ်​ကာ ​ပွစိပွစိလုပ်​​နေတယ်​..

"မား..Tao ခုထိဖုန်းမကိုင်​ဘူး"

သူမက ကျမကိုလှည့်​မကြည့်​ပဲနဲ့သက်​ပြင်းချတယ်

"မား..."

"သမီး ကဘာလို့ကိုယ်​ဘာဖြစ်​ချင်​တယ်​ဆိုတာကို
မသိရတာလဲ ဟမ်​"

သူမကိုဆွဲဆွဲငင်​ငင်​​ခေါ်​နေတဲ့ကျမကိုစိတ်​မရှည်​သလို
လှည့်​​အော်​ကာ အံဆွဲကို​ဆောင့်​ပိတ်​လိုက်​တယ်​..

"ပြီး​တော့..luhan နဲ့..
တွဲ​နေတာလား"

"မဟုတ်​တာ မားကလည်း"

"မညာစမ်းနဲ့..သမီးရည်းစားထားတာ အပြစ်​မဟုတ်​ဘူး
အဲ့ဒီ ရည်းစားက Taoမဟုတ်​တာအပြစ်​"

"မား..ဘာလို့ အဲ့လိုကြီး​"

"​နောက်​တစ်​ခုက luhan ကိုမားသ​ဘောမကျဘူး"

ကျမစကားမဆုံးခင်​ပြတ်​သားစွာ​ပြောတဲ့သူမ
စကား​ကြောင့်​ကျမမျက်​ရည်​ဝဲလာတယ်​..

Luhan အ​ပေါ်ဒီလိုမမြင်​​စေချင်​ဘူး..
သူက ကျမဘယ်​​လောက်​​တောင်​ချစ်​ရတဲ့လူလဲ..

သူ့ကို​ငေးကြည့်​ရင်းနဲ့​တောင်​မျက်​ရည်​ဝိုင်းမိတဲ့အထိ
မြတ်​နိုးရတဲ့သူ..
သူ့စကားသံ​တွေကိုအလွတ်​ကျက်​မိတဲ့အထိ...
တန်​ဖိုးထားရတဲ့သူ..
ကျမအတွက်​ Angel​တစ်​ပါးလို
ဘဝမှာ တန်​ဖိုးအကြီးဆုံးအရာတစ်​ခုလို..
Luhan geကို
မားကဘာလို့များဒီလို
လက်​လွတ်​စပယ်​​ပြောရက်​ရတာလဲ..

"သူက ဘာလုပ်​​နေလို့လဲ?"

ကျမဂျစ်​ကန်​ကန်​ပဲ​မေးရင်း
လက်​ထဲကဖုန်းကိုအိပ်​ယာ​ပေါ်ပစ်​တင်​လိုက်​တယ်

ပြောပါဦး မားမာ
ယွဲမ့်​ရဲ့​ကောင်​​လေးက Taoမဟုတ်​တာနဲ့ပဲ
မားကသ​ဘောမကျ​တော့ဘူးလား

"သူ့ရဲ့မိသားစု"

မားကကျမလက်​ကိုလှည့်​လာပြီးမျက်​လုံးချင်းကြည့်​ကာ
ပြောတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now