Gui Mi

2.1K 269 52
                                    

မ​နေ့ညက ယွဲမ်​ယွဲမ်​နဲ့အတူတူ
ရုပ်​ရှင်​သွားကြည့်​ခဲ့​သေးတယ်
သောကြာ​နေ့ညမို့လ်ို့ကျွန်​​တော်​တို့ထွက်​လည်​ကြတာ..

ယုတ်​မာတဲ့ယွဲမ်​က
ဘယ်​​တော့မှကျွန်​​တော်​ကြည့်​ချင်​တဲ့
ဇာတ်​ကားကိုလိုက်​မကြည့်​​ပေးဘူး..
တကယ်​ဆိုကျွန်​​တော်​က
ဂျက်​ကီချန်းကားကြည့်​ချင်​တာ

သူမ​ရွေးချယ်​တာက
ကြောင်​​တောင်​​တောင်​နိုင်​တဲ့အချစ်​ကားတစ်​ကား..
Love,Rosieတဲ့

သူမကိုယ်​တိုင်​လည်းအဲ့ဒီဇာတ်​ကားကို​ရွေးချယ်​မိလို့
နောင်​တရမိတယ်​နဲ့တူပါရဲ့..
အစပိုင်းမှာတင်​..စိတ်​မဝင်​စားသလိုလုပ်​တယ်​..

"ဝါး..ပျင်းစရာ​ကောင်းတယ်​ Tao"

"နင်​​ရွေးတဲ့ဇာတ်​ကားပဲ "

ကျွန်​​တော်​သူမကိုလှည့်​မကြည့်​ပဲ
ခပ်​တင်းတင်း​ပြော​တော့
ကျွန်​​တော့်​ကိုဆွဲဆိတ်​ပြီးပြန်​လှည့်​သွားတယ်​..

ဒီဇာတ်​ကားက
Bff နှ​စ်​​ယောက်​ကြားကအချစ်​​တွေ.
သူတို့တ​ယောက်​ကိုတ​ယောက်
ရူးမိုက်​စွာချစ်​​နေရက်​နဲ့ကို
အသည်းယားစရာ​ကောင်း​လောက်​​အောင်
အကြိမ်​ကြိမ်
လွဲ​ချော်​ခဲ့ရတဲ့အ​ကြောင်း​တွေ
ရိုက်​ထားတဲ့ဇာတ်​ကား..
Lily collins ရဲ့
ချစ်​ဖို့​ကောင်းတဲ့အမူအယာ​တွေ​ကြောင့်​သာ
အစပိုင်းကသည်းခံပြီးကြည့်​ခဲ့​ပေမယ့်​တဖြည်းဖြည်းနဲ့
ကျွန်​​တော့်​ကိုပိုပြီးဆွဲ​ဆောင်​လာတယ်​..

Bff?
Love?
ကျွန်​​တော်​နဲ့ယွဲမ်​.?

သူတို့နှစ်​​ယောက်​က..
တ​ယောက်​ကိုတ​ယောက်​ဝန်​ခံဖို့
သတ္တိမရှိတာလား..
ကွဲပြားတဲ့ဘဝ​တွေဆီကိုတွန်းပို့ခံခဲ့ရပြီး
ဘဝ..​ရွေးချယ်​မှုနဲ့
အချစ်​​တွေကြားရှုပ်​​ထွေးရတာကို
ဟာသဆန်​ဆန်​​လေးနဲ့
ပေါ့​ပေါ့ပါးပါးရိုက်​ကူးထား​ပေမယ့်
ယွဲမ်​က ခဏခဏမျက်​ရည်​သုတ်​တယ်​..

ကြည့်​ပါလား..
သူမ ခံစား​နေရတယ်​..
ဒီလို သူငယ်​ချင်းနှစ်​​ယောက်​ကြားကအချစ်​က
သူတို့နှစ်​​ယောက်​ရဲ့
မှားယွင်းတဲ့ဆုံးဖြတ်​ချက်​​တွေ​ကြောင့်
ခဏခဏမဆုံနို​င်​ေ​အာင္လြဲခဲ့ရတာ..

Three hearts..Two loves..One destiny..Where stories live. Discover now