how much you really mean to me

2.8K 362 72
                                    

သူငယ်​ချင်းတစ်​ချို့ရဲ့ ခန့်​မှန်းချက်​​ပေါင်းများစွာကို
ဂုဏ်​ယူစွာပဲ အမြဲ ကျွန်​​တော်​ပယ်​ချဖူးတယ်​..

ယွဲမ်​ နဲ့ မကြာခင်​တွဲ​တော့မှာမလား တဲ့...

ဟင့်​အင်း..
ယွဲမ်​က ကျွန်​​တော့်​အတွက်​..သူတို့ထင်​တာထက်
အများကြီး အဓိပ္ပါယ်​ ရှိတဲ့မိန်းက​လေးမျိုးပါ..

အရွယ်​​ရောက်​ကာစ စိတ်​ကစားတဲ့ အချစ်​မျိုးနဲ့
မထိုက်​တန်​ဘူး..

သူတို့​တွေ​တွေးသလို
သူငယ်​ချင်းသံ​ယောဇဉ်​​တွေ​ကြောင့်​ ချစ်​သူဖြစ်​သွားတယ်
ဆိုတဲ့ ပစ်​စလက်​ခတ်​ ယူဆမှု​တွေနဲ့မထိုက်​တန်​ဘူး..

တချိန်​လုံးအတူသွားအတူလာ​နေတာ​တွေ​ကြောင့်​..
တွဲဖြစ်​သွားတယ်​ဆိုတဲ့ လူ​တွေရဲ့ ခပ်​​ပေါ​ပေါ
ခန့်​မှန်းမှု​တွေနဲ့မထိုက်​တန်​ဘူး..

ယွဲမ်​က ကျွန်​​တော့်​အတွက်​..အရာအားလုံးပါ..
သူမကကျွန်​တော့်အတွက်​​​ ​ကမ္ဘာကြီးတစ်​ခု..
ကျွန်​​တော့်​အတွက်​မိသားစုတစ်​ခု..
ကျွန်​​တော့်​အတွက်​​နွေး​ထွေးတဲ့ အိမ်​​လေးတစ်​လုံး..
အမြဲတယုတယ ​တန်​ဖိုးထားခဲ့ရတဲ့..
အစားမရနိုင်​တဲ့ ဘုရားသခင်​ဆီကလက်​​ဆောင်​..

သူမအပြုံး​လေး​တွေက ကျွန်​​တော့်​အတွက်​..
အိပ်​မက်​လှလှ​လေး​တွေဖြစ်​​တယ်​..
သူမရယ်​သံ​လေး​တွေက ကျွန်​​တော့်​အ​တွက်​..
လှပတဲ့သံစဉ်​​လေး​တွေဖြစ်​တယ်​..

ဘယ်​သူမှ နားလည်​နိုင်​မှာမဟုတ်​ဘူး..
သူမဟာ ကျွန်​​တော့်​အတွက်​ဘယ်​လိုလူမျိုးလဲဆိုတာ..
ပြီး​တော့.

သူမကို ဘယ်​​လောက်​​တောင်​ချစ်​တယ်​ဆိုတာ..
~~~~~~~~~~~~~~~~~~

ယွဲမ်​ယွဲမ်​.. .
အရမ်းပဲ နာကျင်​သွားမလား..
အဲ့ဒီ​နေ့က..​ကျောင်း​ဆေးခန်းမှာ..

မိုး​ရေ​တွေစိုရွှဲ​နေတဲ့သူမက..
ကျွန်​​တော့်​ကိုမယုံနိုင်​သလိုမျက်​လုံး​လေး​တွေနဲ့ကြည့်​လို့
ချမ်းလို့လား..ဝမ်းနည်းလို့လားမသိ​.
တစ်​ကိုယ်​လုံးလည်းတသိမ့်​သိမ့်​တုန်​လို့..

Three hearts..Two loves..One destiny..Where stories live. Discover now