Two loves

2K 270 68
                                    

Tao သွားပြီး​နောက်​ပိုင်းမှာ ယွဲမ့်​ကိုကြည့်​ရတာ
အ​ရောင်​မရှိ​တော့တဲ့ ပန်းချီကား​လေးတစ်​ချပ်​နဲ့တူပါတယ်

ကျွန်​​တော့်​ကိုကြိုးစားပြီးပြုံးပြတဲ့သူမကိုမြင်​ရတိုင်းမှာ
ကျွန်​​တော့်​ရဲ့အချစ်​​တွေက..သူမအတွက်
ဝန်​ထုတ်​ဝန်​ပိုးဖြစ်​​စေပြီလားလို့..
စိတ်​မ​ကောင်းဖြစ်​မိတယ်​..

တစ်​ပါတ်​လုံး​နေလို့တစ်​ခါ​တောင်​အချိန်​မ​ပေးနိုင်​ပဲနဲ့
သူမကိုကျွန်​​တော့်​အနားမှာပဲဆွဲထားမိတာသိပ်​ကို
တစ်​ကိုယ်​​ကောင်းဆန်​မှန်းသိပါတယ်​..

ဒါ​ပေမယ့်​...
အချစ်​ဆိုတာ တစ်​ကိုယ်​​ကောင်းဆန်​သင့်ရင်ဆန်ရ​​​မယ်
ကျွန်​​တော့်​​ဘေးမှာသူမ ရှိ​နေမှ ​ပျော်​ရွှင်​နိုင်​တာမို့
သူမလည်းဒီလိုပဲဖြစ်​မယ်​လို့ ယူဆတယ်​..

အချစ်​ဆိုတာ ပြတ်​သားသင့်​ရင်​လည်းပြတ်​သားရတယ်
အထူးသဖြင့်​ တစ်​ဖက်​လူက
မပြတ်​သားတဲ့အခါမျိုးမှာ​ပေါ့

ယွဲမ်​ ကျွန်​​တော့်​ကိုချစ်​တယ်
ကျွန်​​တော်​လည်းသူမကိုချစ်​တယ်​..

သူမရဲ့ မပြတ်​သားမှု..​ပျော့ညံ့မှုနဲ့ သံ​ယောဇဉ်​​တွေ​ကြောင့်
ဘယ်​အရာက အသင့်​​တော်​ဆုံးဆိုတာ
ကျွန်​​တော်​ဆုံးဖြတ်​​ပေးမှဖြစ်​မှာ..

မှားတာပဲဖြစ်​ဖြစ်​..မှန်​တာပဲဖြစ်​ဖြစ်​.
အချစ်​ဆိုတာ တခါတ​လေ မတရားတာပဲဖြစ်​ဖြစ်

အနာဂတ်​မှာ ဘာ​တွေပဲဖြစ်​ဖြစ်
ကံတရားဆိုတာ ကိုယ့်​ရဲ့ဖန်​တီးမှုပဲဖြစ်​ရမှာမို့..
အချစ်​ဆိုတာ..ကျွန်​​တော့်​အတွက်​​တော့
ရယူခြင်းဖြစ်​တယ်​..

~~~~~~~~~~~~~~~~~~~~

အမြဲတမ်းလိုလိုပဲ ကျွန်​​တော်
ယွဲမ့်​ကိုအားမရဘူး..

သူမဘာလို့ ကျွန်​​တော့်​​ရှေ့မှာ
Ms.perfect ဖြစ်​ချင်​​နေတာလဲ..

သူမစိတ်​ညစ်​တဲ့အခါမှာ ကျွန်​​တော့်​ကိုဖုန်းဆက်​ပြီး
ငိုလိုက်​တာပဲဖြစ်​ဖြစ်​..
သူမ​ပျော်​​နေရင်​လည်း Taoနဲ့ရယ်​သလိုမျိုး
အားရပါးရရယ်​လိုက်​တာမျိုးဖြစ်​ဖြစ်​..

Three hearts..Two loves..One destiny..Where stories live. Discover now