Luhan,The chosen

1.7K 217 29
                                    

ဖြစ်​နိုင်​လို့လား..?
ကျွန်​​တော့်​ကို
အရာအားလုံးထက်​ပိုချစ်​တဲ့မိန်းက​လေးက
ကျွန်​​တော့်​ဘဝထဲကထွက်​သွားတယ်​ဆိုတာ..

တခြားတ​ယောက်​ကို​ရွေးချယ်​သွားတယ်​ဆိုတာ..
ဒီလိုခက်​ခဲတဲ့အ​ခြေအ​နေ​တွေကိုရင်​မဆိုင်​ချင်​လို့ဆိုတာ


အရူးတ​ယောက်​လို လ​ပေါင်းများစွာ
Castel combeမှာ..
သူမ​ နေခဲ့တဲ့လန်​ဒန်​ကတိုက်​ခန်း​လေးမှာ
ကျွန်​​တော်​​စောင့်​​နေခဲ့တယ်​.
နေ့တိုင်း​နေ့တိုင်း..တံခါးပွင့်​လာပြီး

ယွဲမ်​ဝင်​လာလိမ့်​မယ်​ဆိုတဲ့​မျှော်​လင့်​ချက်​​တွေနဲ့..

တစစရှည်​လာတဲ့နှုတ်​ခမ်း​မွေး​တွေနဲ့..
ဆေးသမားတ​ယောက်​လို
ကြောင်​​တောင်​​တောင်​မျက်​လုံး​တွေနဲ့
ပြတင်း​ပေါက်​ကိုညလည်းမပိတ်​လို့
လေပြင်းနဲ့အတူ တညတ​လေမှာဝင်​လာတတ်​တဲ့
နှင်းစက်​​ဖွေး​ဖွေး​တွေနဲ့
ကွဲအက်​​နေတဲ့ဘယ်​လာ​ပေးထားတဲ့အရုပ်​​လေးနဲ့..

အဆက်​မပြတ်​ ဖွင့်​ထားတဲ့ကျွန်​​တော်​တို့ရဲ့
Wedding တီးလုံး​လေးနဲ့...
နေ့မှန်းမသိ ညမှန်းမသိတဲ့အချိန်​​တွေများစွာကို
ဖြတ်​သန်းခဲ့ရတယ်​..

သူမ ​နောက်​ဆုံး​သောက်​သွားပုံရတဲ့
ခွက်​​လေးကိုကိုင်​ပြီး..
သူမ ​နောက်​ဆုံးခြုံသွားပုံရတဲ့
စောင်​​လေးကိုပိုက်​ပြီး..

တလကြာ​တော့ ..
Tao ပြန်​ပို့​ပေးခဲ့တဲ့
သူမရဲ့လက်​ထပ်​လက်​စွပ်​​လေးကိုဆုပ်​ကိုင်​ရင်းနဲ့..

အဆက်​မပြတ်​ထိုးခဲ့မိတဲ့တိုက်​ခန်း​လေးရဲ့နံရံမှာ
ကျွန်​​တော့်​​သွေးစက်​​တွေသာမက

အကြီးမားဆုံး ဆုံးရှူံးမှုရဲ့ရှိုက်​သံ​တွေပါ
ပေစွန်းခဲ့​လေရဲ့..

သူမ နဲ့အတူတူခုန်​​နေဆဲဖြစ်​တဲ့
နှလုံးသားက တိုးတိုး​လေး​ပြောတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now