Sincere

2.4K 285 90
                                    

Nothing but heart can change the heart....
(Caroll O'Connor)

အချစ်​ဆိုတာ ​ရေပြင်​​ပေါ်ကို
ခဲလုံးတစ်​လုံးခပ်​​စောင်း​စောင်း
ပစ်​လိုက်​လို့ရှပ်​​ပြေးသွားတဲ့အခါ ​ပေါ်လာတဲ့
ဂယက်​တခုလို​ပျော်​ရွှင်​မှု ခပ်​​ပေါ​ပေါမျိုးလို့
ယုံကြည်​ထားတဲ့ကျွန်​​တော့်​အတွက်​..
စစ်​မှန်​တဲ့ အချစ်​မျိုးကိုကြုံ​တွေ့ရတဲ့အခါ....

~~~~~~~~~~~~~~~~~~~~~~~~

မှတ်​မိ​နေ​သေးတယ်​..
သူမကိုစပြီး​တွေ့ခဲ့တဲ့​နေ့​လေး..

"Qu'est-ce qur je ferais sans toi?
Je ne peux pas vivre sans toi.
Tu es la mes rêves!! Aishh ဘာ​တွေလဲ
ဟူး..
Je vis d'amour ဘာပါလိမ့်​..
et d'eau douce
ငါကဒါ​တွေ​ပြောရမှာလား?
WHA-DA-Ffff.....hell"

အဲ့ဒီ​နေ့က french class ရဲ့
romantic week
မှာ..ပျက်​ကွက်​ထားတဲ့ရက်​​တွေအတွက်
စာပြန်​ကူးဖို့
အ​စောကြီး​ရောက်​​နေတဲ့ကျွန်​​တော်​က..

ဒီ​နေ့​ပြောရမယ့်​ romantic conversation
ကိုတ​ယောက်​ထဲ ပွစိပွစိလုပ်​ပြီးထိုင်​ဖတ်​​နေတဲ့
သူမရဲ့ ငှက်​လိုလို အသံစာစာအဆုံးမှာ
ပီပီသသကြီးဆဲလိုက်​​တော့မလိုလုပ်​ပြီး
ကျွန်​​တော့ကိုလှမ်းကြည့်​ကာအနည်းငယ်​ယဉ်​​ကျေးမယ့်
စကားတလုံးအစားထိုးဆဲလိုက်​တဲ့သူမကို
သ​ဘောကျစွာရယ်​မိတာက​နေအစပြုခဲ့တယ်​..

"Miyan sunbae"

သူမက တကယ်​ချစ်​ဖို့​ကောင်းတဲ့မိန်းက​လေးပါ
ခါး​လောက်​နီးနီးရှိမယ့်
အညို​ရောင်​ဆံပင်​နွယ်​နွယ်​​လေး​တွေနဲ့
တောက်​ပတဲ့မျက်​လုံးလှလှ​လေး​တွေ..

ကောင်​မ​လေးတိုင်းရင်းနှီးချင်​ကြတဲ့
ကျွန်​​တော့်​ကိုဝတ်​​ကျေတန်း​ကျေ ပြုံးပြကာ
ပြန်​လှည့်​သွားတဲ့သူမရဲ့..
အခုတင်​​လျှော်​လာပုံရတဲ့ဆံပင်​ရှည်​​ရှည်​​လေး​တွေဆီက

စ​တော်​ဘယ်​ရီရှန်​ပူနံ့​လေးက..
အဲ့ဒီ​ညက ကျွန်​​တော့်​အိပ်​မက်​ထဲမှာပါ​လာခဲ့​လေရဲ့
~~~~~~~~~~~~~~~~~~~~~~~
လူတကာအားကျရတဲ့ကျွန်​​တော်​ရဲ့ငယ်​ဘဝက
တဖက်​က ​​ငွေ​ကြေးဥစ္စာ..
တဖက်​က အာဏာ ဆိုတဲ့ အဘိုးနှစ်​​ယောက်​ကြားက
ချစ်​ကြည်​​ရေးနယ်​ရုပ်​​လေးတစ်​ရုပ်​မျှသာဖြစ်​ခဲ့ပါတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now