My little precious
2.1K 248 141
သူမဟာ သိပ်​ချစ်​ဖို့​ကောင်းတယ်
သူမရဲ့ အ​ဖေလိုသမင်​မျက်​လုံး​လေး​တွေရှိပြီး​တော့
သူမ အ​မေလို ဆံပင်​နွယ်​နွယ်​​လေး​တွေနဲ့..
သူမရဲ့နှုတ်​ခမ်းလေး​တွေက စကားမြန်​မြန်
ပြောတဲ့အခါ သူမ အ​ဖေလိုပဲ​ရှေ့ကိုချွန်​ချွန်​ထွက်​လာတယ်
ရုတ်​တရက်​ ကြည့်​ရင်​သူ့အကိုနဲ့တူလွန်းတဲ့က​လေးမ
လေးကို huang zitao ကယွဲမ်​ နဲ့တူပါတယ်​လို့
သူ့ကိုယ်​သူ ဇွတ်​ညာတယ်​..
သူဟာ က​လေးမ​လေးကိုချစ်​လို့မဝနိုင်​သလိုပဲ
ညတ​ရေးနိုး​တောင်​ထကြည့်​ပြီးပြုံးတယ်​..
Bao bei er(my little precious)
လို့အမြဲတမ်း​ခေါ်​နေပြီး​တော့ သူ​ချစ်​စနိုးထပ်​​ပေးထားတဲ့
နာမည်​က bei bei..
ယွဲမ်​​ပေးခဲ့တဲ့နာမည်​​လေးကို သူမ​ခေါ်ရက်​ဘူး
အ​ကြောင်းအရင်းက bai xue(snow white)
ဆိုတဲ့နာမည်​​လေးက သူမထွက်​သွားခဲ့တဲ့ညကို
သတိရ​စေလို့..
က​လေးမ​လေးရဲ့​မွေး​နေ့က ခရစ်​စမတ်​ညဖြစ်​ပြီး​တော့
ယွဲမ်​ယွဲမ့်​ ရဲ့နှစ်​ပတ်​လည်​ကလည်းက​လေးမ​လေးရဲ့
မွေး​နေ့မှာပဲကျ​ရောက်​တယ်​..
Beibei ပထမဆုံး​ပြောတတ်​တဲ့စကားက
"ပါ့ပါ"
အဲ့ဒါက သူမ ဆယ်​လသမီးအရွယ်​မှာစ​ပြောတာ
Zitao ကအဲ့ဒီ​နေ့မှာငိုတယ်​..
တ​နေကုန်​ပဲ က​လေး​လေးကို ထပ်​​ခေါ်ခိုင်းတယ်
တွေ့သမျှလူကိုလိုက်​ကြွား​နေပြီး​တော့
ည​တောင်​မအိပ်​နိုင်​တဲ့အထိပဲ..
အရမ်းပဲလိမ္မာတဲ့က​လေးမ​လေးဟာ
ဘယ်​​တော့မှ မငိုသ​လောက်​ပဲ
သူမဟာ သူမပါ့ပါ ထက်​အများကြီးကြံ့ခိုင်​တယ်
နေမ​ကောင်းရင်​​တောင်​မငိုတတ်​ဘူး..
Huang zitao ကသူ့သမီး​လေးကို
ခဏခဏ​မေးတယ်
ပါ့ပါ ကလူဆိုးကြီးလား bao bei?
ပါ့ပါ လုပ်​ခဲ့တာ​တွေမှားလားဟင်​?
သမီးသိသွားရင်​ ပါ့ပါကိုမုန်းသွားမှာလား?
သူ့ရင်​ထဲမှာ အပြစ်​ရှိခြင်း​တွေပြည့်​နှက်​​နေရက်​နဲ့
တောင်​..ယွဲမ့်​အ​ပေါ်မတရားသလိုခံစားရမှု​တွေ
သူ့အစ်​ကိုအ​တွက်​စိတ်​မ​ကောင်းခြင်း​တွေ..
ချက်​ချင်းပဲ luhanကိုဖွင့်​​ပြောလိုက်​ချင်​စိတ်​​တွေ
တင်းကြပ်​စွာပြည့်​နှက်​​နေရက်​နဲ့​တောင်​..
Three hearts..Two loves..One destiny..Where stories live. Discover now