Unfair

2K 248 112
                                    

ယွဲမ်​က NY​ရောက်​လာပြီး​တဲ့​နောက်​မှာ
ပြောင်းလဲသွားတယ်​..သူမဟာအားတိုင်း
Shopping ထွက်​ချင်​​နေတယ်​..

ဒါ​ပေမယ့်​ ballet နဲ့ပတ်​သတ်​ပြီး​တော့​တော့
အရင်​ကလိုပဲ..
အရင်​ကလိုစိတ်​အားထက်​သန်​တုန်းပဲ..

ယွဲမ့်​ပါ့ပါဟာ public health survey​ကောက်​ဖို့
အာဖရိကနိုင်​ငံ​တွေဘက်​ကိုတာဝန်​ယူလိုက်​တဲ့အခါမှာ
သူမဟာပွစိပွစိလုပ်​ပြီး ​အန်​တီဂျင်းဂျူဆီကိုအလိုလို
ရောက်​လာ​တော့တယ်​..

"ငါဂျီနီဗာမှာဘယ်​​လောက်​​ပျော်​လဲ နင်​သိတယ်​မလား
ငါဒီမှာမ​နေချင်​ဘူး zitao..
လူ​တွေကိုရှူပ်​ရှက်​ခပ်​​နေတာပဲ..aishh မုန်းလိုက်​တာ"

အန်​တီဂျင်းဂျူဟာ အရင်​နှစ်​ကပဲအိမ်​​ထောင်​ပြုပြီး​တော့
ခုဆိုက​လေး​လေး​တ​ယောက်​ရှိ​နေပြီ
သူမအမျိုးသားက​တော့စစ်​ထဲမှာ..

ယွဲမ်​ကလည်း​အခုဆို SAB မှာစတက်​​နေပြီ
သူမဟာအရင်​လိုတ​ခွေ​ခွေနဲ့
လူ​ကြောက်​တတ်​တဲ့မိန်းက​လေးမျိုးမဟုတ်​​တော့ဘူး
တက်​ကြွပြီးပဲများတတ်​​နေပြီ

"Eye liner ကငါနဲ့လိုက်​လား Tao
Gel type က​ကောင်းမလား ခဲတံက​ကောင်းမလား"

"မသိဘူး..ဘာလုပ်​လုပ်​လှတာလည်းမဟုတ်​ပဲနဲ့"

"Yarr နင့်​မျက်​လုံးကိုlinerဆွဲကြည့်​​လေ
ငါ့လိုလှမလားလို့"

သူမဟာကျွန်​​တော့်​အ​ပေါ်​တော့အရင်​လိုဆိုးတုန်းပဲ
ညနက်​သန်း​ခေါင်​ဖုန်းဆက်​ပြီး ကျွန်​​တော့်​ရည်းစား
တ​ယောက်​လို ကလပ်​​တွေမသွားဖို့ပိတ်​ပင်​တုန်းပဲ

သူမဟာ​​ရောက်​​လေရာအရပ်​မှာ
လိုက်​ဖက်​စွာပုံစံ​ပြောင်းနိုင်​တဲ့မိန်းက​လေး
ငြိမ်​သက်​​အေးချမ်းတဲ့ ဂျီနီဗာမှာ​တုန်းက
လွမ်း​ဆွေးတတ်​တဲ့သိမ်​​မွေ့တဲ့ပုံစံမျိုး​လေးနဲ့
အခုကျ​တော့ NYCနဲ့လိုက်​ဖက်​စွာလက်​လက်​ထ
တဲ့မိန်းက​လေးမျိုးဖြစ်​လာပြန်​တယ်​...

ကျွန်​​တော်​တဖြည်းဖြည်း​ပြောင်းလဲလာတဲ့သူမကို
ကြည့်​ရင်း​ပျော်​ရပါတယ်
ပိုပိုပြီးအသက်​ဝင်​လာတဲ့သူမရဲ့အိပ်​မက်​​လေး​တွေကို
ကြည့်​ရင်းလည်း​ကြည်​နူးရတယ်

Three hearts..Two loves..One destiny..Where stories live. Discover now