It's ok ,I have you

2.6K 342 41
                                    

"ဘာလို့လဲ yeye? ကျွန်​​တော်​ကဘာလို့မရတာလဲ..
GeGe ကို​တောင်​ခွင့်​ပြုခဲ့တာပဲ..
ကျွန်​​တော့်​ကိုဘာလို့ခွင့်​မပြုနိုင်​ရတာလဲ..
သူ့မှာကျ​တော့အမြဲတမ်း​ရွေးချယ်​ခွင့်​​တွေနဲ့..
ကျွန်​​တော်​က ဘာလို့မဖြစ်​နိုင်​တာလဲ
ဟင်
ဘာလို့ ခဏ​လောက်​ပဲဖြစ်​ဖြစ်​​တောင်​ခွင့်​မပြုနိုင်​ရတာလဲ"

"Huang zitao!!! မင်းမျိုးရိုးနာမည်​ကို​ခေါ်လိုက်​တိုင်း
ငါရင်​နာရတာမလုံ​လောက်​​သေးလို့လား..
နောက်​ထပ်​ မင်းရဲ့အသုံးမကျတဲ့အ​ဖေရဲ့ဗီဇ​တွေကို
ငါ့​ရှေ့မှာထုတ်​ပြချင်​​သေးတာလား ဟမ်​.."

"YeYe ပထမ​ဆုံး​တောင်းဆိုဖူးတာပါ..
တောင်းပန်​ပါတယ်​..
ခွင့်​ပြု​ပေးပါ.. ငါးနှစ်​..မဟုတ်​​သေးဘူး.
သုံးနှစ်​ပဲဖြစ်​ဖြစ်​..ခွင့်​ပြု​ပေးပါ.. yeye."

"ပါးစပ်​ပိတ်​ထား..မင်းကိုယ်​ထဲကအဲ့ဒီ​သွေး​တွေကို
ဖြစ်​နိုင်​ရင်​ငါ ကိုယ်​တိုင်​အကုန်​​ဖောက်​ထုတ်​ချင်​​တယ်​..
ညံ့ဖျင်းတဲ့အ​တွေးအ​ခေါ်​တွေ.."

"ဒါဆို gege က​ကော..
အဲ့ဒီအ​တွေး​တွေနဲ့ gege က​ကော..
သူက​တော့မြင့်​မြတ်​တယ်​​ပေါ့..
သူက​တော့ ဝန်​ကြီးချုပ်​​မြေးမို့လို့မြင့်​မြတ်​တယ်​​ပေါ့
သူ့အဘိုး​ကြောင့်​ yeye ရဲ့လုပ်​ငန်း​တွေအကုန်
ကိုရီးယားမှာအ​ခြေချလို့ရလို့ ..
Gege ကဘာပဲလုပ်​လုပ်​မြင့်​မြတ်​တယ်​​ပေါ့..
ဟုတ်​လား"

ွခွပ်​..
စကားမဆုံးခင်​ပဲ
မေးရိုး​ပေါ်ကျလာတဲ့လက်​သီးတစ်​ချက်​​ကြောင့်
လည်​ထွက်​သွားတဲ့ ​ခေါင်းကိုပြန်​မလှည့်​မိ..
နှုတ်​ခမ်းဆီက ငန်​ကျိကျိ အရသာ​ကြောင့်​စမ်းမိ​တော့
သွေး​တွေ...
ဒီအရွယ်​ထိ..မာန်​မာန​တွေမ​လျှော့​သေးတာလား..

"မိုက်​ရိုင်းတဲ့က​လေး"

ကျွန်​​တော်​ နာကျင်​စွာပြုံးမိရင်း
မျက်​လုံး​တွေဝါးလာတယ်​..
မငိုဘူး..
ငိုလို့မရဘူး..
ဒီ​ပျော့ညံ့မှု​တွေ..

"အခုထိ ကိုယ့်​​နေရာကိုယ်​မသိဘူး..
အဲ့ဒီလမ်းကို​ရွေးရင်​အိမ်​​က​​နေ..မဟုတ်​​သေးဘူး
ကိုရီးယားက​နေ ထွက်​သွား..
ထွက်​သွားရ​အောင်​ငါလုပ်​လို့ရတယ်​..zitao"

Three hearts..Two loves..One destiny..Where stories live. Discover now