The relationship

2.3K 297 84
                                    

"သူတို့နဲ့တိုက်​ခိုက်​လို့မရဘူး.မင်းကမြင်းမိုရ်​​တောင်​ကို
ဖြိုမယ့်​ခါချဉ်​​ကောင်​လိုဖြစ်​​နေပြီ luna..ဒီတိုင်း..
ဒီတိုင်း မိသားစုနဲ့​ပျော်​​ပျော်​ရွှင်​ရွှ​င်​​နေပါကွာ
ဒီကိစ္စ​တွေကိုမင်းဝင်​ပါမှဖြစ်​မှာလား ဟမ်​..
သူတို့နဲ့ပတ်​သတ်​ရင်​ဘာ​ကောင်းတာမှဖြစ်​လာမှာ
မဟုတ်​ဘူး"

"ဒီကိစ္စကို ကျမစခဲ့မိတာ
အဆုံးထိကျမမှာတာဝန်​ရှိတယ်​"

"မင်းက ပ​ရောဂျက်​တခုကိုအဆိုတင်​သွင်းခဲ့ရုံ​လေ.
နောက်​က..​နောက်​က
လူ​တွေအကုန်​​တောင်​ငြိမ်​​နေ​သေး
တာ.ဒီကိစ္စမှာ
ငါမင်းကိုတကယ်​မပတ်​သတ်​​စေချင်​ဘူးကွာ"

"Xing ah..
ကျမကိုယ့်​ဘာသာလိပ်​ပြာလုံချင်​တယ်
ကျမတင်​သွင်းမိတဲ့ပ​ရောဂျက်​​ကြောင့်​ပျက်​စီးသွားရမယ့်
ပတ်​ဝန်းကျင်​ကြီးတခုလုံးကိုလျစ်​လျူမရှုနိုင်​ဘူး"

"အဲ့ဒီ Kim မိသားစု"
.
.
.

"ပါ့ပါ"

ရုတ်​တရက်​ တံခါးဖွင့်​ဝင်​လာတဲ့ကျမ​ကြောင့်
သူတို့နှစ်​​ယောက်​စကား​ပြောတာရပ်​သွားတယ်​..

"ဘာလဲ..ယွဲမ့်​အတင်း​ပြော​နေကြတာလား"

အလိုက်​မသိစွာ​ပြောမိတဲ့ကျမကို
နှစ်​​ယောက်​လုံးတပြိုက်​နက်​​အော်​တယ်​...

"တံခါး​မ​ခေါက်​တတ်​ဘူးလား!!!!!"

"Miyan"

ခေါင်း​ပုပြကာအခန်းထဲဝင်​လာတဲ့ကျမကို
သူတို့နှစ်​​ယောက်​လုံးမကြည်​သလိုကြည့်​​နေကြတုန်း
မှန်​တင်​ခုံ ​ပေါ်တင်​ထားတဲ့ မားမာရဲ့ပိုက်​ဆံအိတ်​ထဲက
Credit card ကိုယူပြီးအသာ​ထောင်​ပြ​တော့..
မားမာက မျက်​နှာထားတင်းတင်းနဲ့​ခေါင်းညိတ်​ပြတယ်​..

သူတို့​တွေစကားများ​နေကြတာ​နေမှာ..
ခါတိုင်းဆိုရင်
ကိုယ့်​မုန့်​ဖိုးကိုယ်​သုံး တို့ဘာတို့လှမ်း​အော်​​နေကျ..
ကျမ​ခြေဖျား​ထောက်​နင်းကာပြန်​ထွက်​လာ​တဲ့အထိ
သူတို့စကားမ​ပြော​သေး..
အခန်းတံခါးကိုခပ်​ဖွဖွပြန်​ပိတ်​လိုက်​​တော့..
ပါ့ပါဆီက
သက်​ပြင်းအရှည်​ကြီးချလိုက်​သံကြားရတယ်​...

Three hearts..Two loves..One destiny..Where stories live. Discover now