Hope..

1.9K 254 79
                                    

There is nothing sadder in this life than to watch someone you love walk away after they have left you.To watch the distance between your two bodies expand until there is nothing left but EMPTY SPACE AND SILENCE.

ဝမ်းနည်း​ကြေကွဲရသည့်​အခါမှာလူ့ခန္ဓာကိုယ်​က
သာမန်​အချိန်​ထက်​​အေးစက်​တတ်​တယ်​လို့ကြားဖူးတယ်
ကျမလှဲ​နေတဲ့သစ်​သားကြမ်းခင်းကိုဖြတ်​ပြီး​အောက်​ခံ
ကွန်​ကရစ်​ရဲ့အ​အေးဓာတ်​က
တ​မြေ့​မြေ့စိမ့်​တက်​နေတယ်

သေချာတာ​တော့
အပူ​ပေးစက်​ကိုပိတ်​မထားပါဘူး..
ဘာလို့ဒီ​လောက်​​တောင်​​အေးစက်​​နေရတာလဲ..
ည​နေကထဲကကျ​နေတဲ့နှင်းစက်​​တွေကအခုထိ
မကုန်​နိုင်​​သေးသလိုပဲ..
ဲဧည့်​ခန်းရဲ့ကြမ်းပြင်​မှာမီးမဖွင့်​ပဲလှဲ​နေတာ​ကြောင့်
မျက်​စိ​နဲ့တန်း​နေတဲ့ လူတစ်​ရပ်​စာမှန်​ပြတင်း​ပေါက်
ရှည်​ရှည်​​တွေကတစ်​ဆင့်​နှင်း​တွေကျ​နေတာကို
ပန်းချီကား​လေးတစ်​ချပ်​လိုမြင်​​နေရတယ်​..

ခြံထဲကခြုံပုတ်​ပုပု​လေး​ပေါ်မှာနှင်း​တွေ​ဖွေး​နေပြီ
မားမာစိုက်​ထားတဲ့ပန်းပင်​​တွေ​ပေါ်မှာနှင်း​တွေ..
သစ်​သားဒန်း​လေး​ပေါ်မှာနှင်း​တွေ..

ပြီး​တော့ ည​နေက ​ကျောခိုင်းသွားခဲ့တဲ့
Geရဲ့​ကျော​ပြင်​​ပေါ်မှာနှင်း​တွေ..

ကြမ်းပြင်​​ပေါ်ကိုကျကျသွားတဲ့မျက်​ရည်​စက်​​လေး​တွေဟာ
ရေပြင်​ညီကြမ်းခင်း​ကြောင့်
လိမ့်​မဆင်းသွားပဲမျက်​လုံး
ထောင့်​​အောက်​မှာပဲရှိ​နေတယ်​..
တဖြည်းဖြည်းများလာ​တော့..ကျမပါးပြင်ကို​လာထိတယ်

"ယွဲမ်​ ah.."

ဘယ်​လို​ရောက်​လာမှန်းမသိတဲ့ Taoဟာ
ကျမနဲ့မျက်​နှာချင်းဆိုင်​မှာဝင်​လှဲလိုက်​​တော့
ခုနက လှပတဲ့မြင်​ကွင်း​လေးကိုကွယ်​သွား​စေတယ်

သူ့ရဲ့မျက်​လုံး​ဖောင်း​ဖောင်း​လေး​တွေကိုမကြည့်​ပဲနဲ့
မြင်​ရတယ်​..
ကျွန်​​မဘာကိုကြည့်​​နေမိတာလဲ..
အာရုံလည်းဒီမှာမရှိ​တော့ပါဘူး..
ရင်​ဘတ်​ထဲမှာဆွဲဆုတ်​ထားသလိုနာကျင်​မှု​တွေနဲ့
သောက..ပူ​လောင်​ခြင်း..မခံမရပ်​နိုင်​တဲ့ရိုက်​ချက်
တွေကို​လည်းသတိမပြုမိ​တော့ပါဘူး..
တ​ယောက်​​ယောက်​ကိုတိုင်​တည်​ငို​ကြွေးဖို့လည်း
အားမရှိ​တော့ဘူး..

Three hearts..Two loves..One destiny..Where stories live. Discover now