Open Arms

1.7K 227 43
                                    

"အဲ့​တော့ အဲ့ဒီခြံစည်းရိုးကြီးကရှိ​နေတုန်း​ပေါ့?"

"ခြံစည်းရိုးမဟုတ်​ဘူး ဘယ်​လာ အုတ်​တံတိုင်း
ကမ္ဘာ့အံ့ဘွယ်​ထဲမှာပါတယ်​​လေ..မသိဘူးလား?"

"မသိဘူး ဘိုးဘိုး..
ဒါနဲ့Mr.deer ဒီ​နေ့သမီးတို့နဲ့
ညစာစားပါလားဟင်​..အဲ့ဒီ အုတ်​တံတိုင်း
အ​ကြောင်းဆက်​​ပြောပြပါဦး"

ဘယ်​လာ ကျွန်​​တော့်​ကိုဖက်​ရင်း ​မျှော်​လင့်​စွာ
ပြောတယ်​..

"မရဘူး သမီးရဲ့..ငန်းမ​လေးကအိမ်​က​နေစိတ်​ဆိုး
နေလိမ့်​မယ်​.."

"ဟွန်း..အဲ့ဒီ မမကသိပ်​အကျင့်​ပုတ်​တာပဲ..
သမီး ကသူနဲ့အတူ အကသင်​ချင်​တာဘိုးဘိုးရယ်
မသင်​​ပေးဘူးတဲ့.."

မျက်​လုံးအပြာ​ရောင်​ဆံပင်​​ကောက်​​ကောက်​​လေးနဲ့
က​လေးမ​လေးက သူ့အဘိုးကိုတိုင်​တန်းပြန်​တယ်​...
သူမ ဟာအခန်းထဲ​ပြေးဝင်​ပြီး​ကျောက်​သားအဖြူနဲ့ထု
ထားတဲ့ က​နေတဲ့စုံတွဲရုပ်​​လေးကိုင်​ပြီးထွက်​လာတယ်

ဘယ်​လာဟာ သိပ်​ချစ်​ဖို့​ကောင်းတဲ့က​လေး​လေး
သူမက ယွဲမ့်​ကိုသိပ်​အားကျတယ်​တဲ့
ပထမတစ်​ချက်​က ကျွန်​​တော့်​​ကြောင့်
ဒုတိယက Ballet​ကြောင့်​ဆိုပဲ..

ကံ​မ​ကောင်းလို့
ကျွန်​​တော့်​ကပိုင်​ရှင်​ရှိပြီးသားဖြစ်​​နေ​တော့
သူမ ကြီးလာရင်
ကျွန်​​တော်​နဲ့တူတဲ့လူကိုလက်​ထပ်​မယ်​တဲ့

"Yoyo ကိုဒါ​လေး​ပေးလိုက်​ပါ..
သမီးကို အကသင်​​ပေးပါလို့"

သူမက လက်​ထဲက
စုံတွဲရုပ်​​လေးကိုကမ်း​ပေးရင်း​ပြောတယ်
ကျောက်​သားနဲ့ထုထားတဲ့ဒီအရုပ်​​လေးဟာ
ဖန်​စီဆိုင်​​တွေမှာလွယ်​လွယ်​ဝယ်​လို့ရတဲ့လက်​ရာမျိုး
မဟုတ်​ဘူး.
အလယ်​​ခေတ်​​လောက်​က​ရှေးကျတဲ့
လက်​ရာ​လေးတစ်​ခု.
ဘယ်​လာရဲ့မိသားစုက​ရှေး​ဟောင်းပစ္စည်း
အ​ရောင်းဆိုင်​​လေးဖွင့်​ထားတာမို့သူမတို့အိမ်​မှာဒီလို
ပစ္စည်း​လေး​တွေသိပ်​​ပေါတယ်​...

က​နေတဲ့​ကောင်​မ​လေးအရုပ်​ကလက်​​မောင်း​လေးက
လေထဲကိုလှပစွာသွယ်​တန်းထားပြီး
ကောင်​​လေးကအ​နောက်​က​နေသိုင်းဖက်​ထားတယ်​..
တစ်​ထွာ​ကျော်​​ကျော်​​လောက်​ရှိတဲ့ဒီအရုပ်​​လေးက
လက်​ရာ​မြောက်​လွန်း​တော့ မျက်​နှာကို​သေသပ်​စွာ
မထွင်းထားသည့်​တိုင်​သိပ်​ပြီးအသက်​ဝင်​ပါတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now