Let's not fall in love

2.2K 273 81
                                    

"မင်္ဂလာပါ.. ယွဲမ်​ယွဲမ့်​မားမာ ထင်​တယ်
ကျွန်​​တော်​တို့​တွေ့ဖူးတယ်​​လေ"

ဘိုးဘိုးရုံးခန်းထဲက​နေ ခပ်​သုတ်​သုတ်​ထွက်​လာတဲ့
သူမရဲ့ ထက်​မြတ်​တဲ့မျက်​နှာ​ပေါ်မှာ..မာန..မခံချင်​စိတ်​နဲ့
ဒေါသ​ရောင်​​တွေတလက်​လက်​..

သူမ​နောက်​က​ကောင်​မ​လေးက​တော့
ဖိုင်​​တွေတထပ်​ကြီးပိုက်​ရင်း.မျက်​နှာငယ်​နှင့်

ကျွန်​​တော့်​ကိုမြင်​တော့သူမကခဏရပ်​ကာ
ကြည့်​တယ်​..စိတ်​ရှုပ်​​ထွေးသလိုအမူအယာနဲ့..

"အာ..ဟုတ်​သားပဲ..ရူဟန်​"

"Nae..luhan ပါ"

သူမက​တောက်​ပစွာပြုံးပြရင်း
နောက်​က​ကောင်​မ​လေးကိုလှည့်​​ပြောတယ်​..

"Kimi ဌာနကိုဖုန်းဆက်​ထား​ပေးပါ
ရှေ့​နေချုပ်​နဲ့ငါစကား​ပြောချင်​တယ်​..
လိုအပ်​ရင်​အိမ်​ပြာ​တော်​ကိုဆက်​သွယ်​ရ​အောင်
ကြိုးစား​ပေး"

သူမက ကျွန်​​တော့်​ကိုထပ်​ပြုံးပြတယ်​.

"ဒါနဲ့ ဒီကိုဘာကိစ္စရှိလို့...မဟုတ်မလွဲ​ရော
ဝန်​ကြီးချုပ်​​ဆီကို?"

အကဲခတ်​သလို​မေးတဲ့သူမရဲ့အကြည့်​စူးစူး​တွေ
အောက်​မှာ ကျွန်​​တော်​​နေရခက်​လာတယ်​..
ဒီလိုမျိုးပုံစံနဲ့ကျွန်​​တော့်​ကိုမသိ​စေချင်​ဘူး..

"အာ..ဒီတိုင်း "

ကျွန်​​တော့်​စကားမဆုံးခင်​ပဲ
ရုံးခန်းထဲက​နေ ကျွန်​​တော့Appaထွက်​လာ​လေရဲ့

"​ရောက်​​နေတာကိုမဝင်​လာ​သေးပဲဘာလုပ်​​နေတာလဲ
ဘိုးဘိုးမင်းကို​စောင့်​​နေတာကြာပြီ"

ဟက်​..
ဒါက မ​တွေ့ရတာကြာတဲ့တစ်​ဦးတည်း​သောသား
ကိုနှုတ်​ဆက်​နည်းတမျိုးလား..

Appa ရဲ့ရှင်းလင်းတဲ့စကားတခွန်းမှာတင်
ကျွန်​​တော်​တို့ရဲ့ပတ်​သတ်​မှုကို
သူမသတိပြုမိသွားသ​ယောင်

ဒါ​ပေမယ့်​..
ခုနကအပြုံးနဲ့ဆန့်​ကျင်​စွာမျက်​နှာက
ခက်​ထန်​သွားပြန်​တယ်
ဘာလို့များလဲ..
ကျွန်​​တော်​စိတ်​မသက်​သာစွာ​တွေးမိတယ်​..
သူမကျွန်​​တော့်​ကိုဒီလိုအမြင်​မကြည်​မဖြစ်​​စေချင်​ဘူး..

Three hearts..Two loves..One destiny..Where stories live. Discover now