Choice

2.2K 290 34
                                    

"Tao ah..ငါ"

"ရတယ်​.."

"ငါမထင်​မှတ်​ပဲ"

"မ​ပြောနဲ့​တော့"

"ငါ​တောင်းပန်​ပါတယ်​..ငါ"

"ဆက်​မ​ပြောနဲ့​တော့ "

"ငါတကယ်​ .."

"ဆက်​မ​ပြောနဲ့​တော့!!!!
ဆက်​မ​ပြောနဲ့​တော့ ​တော်​ပါ​တော့
ဆက်​မ​ပြောလို့ ရမလား..ဟမ်​"

ကျမစကားမဆုံးခင်​မှာပဲ
သူကစိတ်​ဆိုးစွာ​အော်​ပြီး
ကားဘရိတ်​ကို
ဆောင့်​နင်းလိုက်​တာ​ကြောင့်​ ကျမ​ရှေ့ကိုယိုင်​သွားတယ်

Tao ကစတီယာတိုင်​​ပေါ်မှာလက်​နှစ်​ဖက်​လုံးတင်​ထား
ပြီး​ခေါင်းကိုပါ​မှောက်​ချလိုက်​တယ်​..
သူ့ကြည့်​ရတာအသက်​ပြင်းပြင်းရှူ​နေသလိုပဲ

ကျမသူ့ပခုံး​ပေါ်ကိုလက်​တင်​လိုက်​​တော့
ချက်​ချင်းပဲပုတ်​ထုတ်​ပစ်​တယ်​..

"Tao ah.. "

ကျမရဲ့အံသြစွာထွက်​သွားတဲ့အသံက
အနည်းငယ်​တုန်​ယင်​​နေ​လေရဲ့..

"ဘာလို့ luhan geလဲ..
ဘာလို့သူဖြစ်​​နေရတာလဲ..
ဘာလို့လဲ???"

ပြန်​​မော့လာပြီး
ကျမကိုစိတ်​ဆိုးစွာ​အော်​​ပြော​နေတဲ့သူ့ကို
ကြည့်​ပြီး ကျမအသက်​ရှူကြပ်​လာတယ်
သူတခါမှ ဒီလိုမ​အော်​ဖူးဘူး ကျမကို

တခုခု​ပြောဖို့ကြိုးစား​ပေမယ့်​..
ရုတ်​တရက်​ကျမအသံ​တွေထွက်​မလာ​တော့ဘူး
ကျမသူ့ကို​ကြောင်​ကြည့်​​နေမိရင်း
ဒီအ​ခြေအ​နေကိုလက်​ခံနိုင်​ဖို့အားထုတ်​​နေမိတယ်
Luhan sunbae နဲ့ကျမတွဲ​နေတယ်​ဆိုတာ
အိပ်​မက်​တခုမဟုတ်​ဘူး..ဟိုး​နေ့ညကအဲ့ဒီကိစ္စက
တကယ်​ဖြစ်​သွားခဲ့တာ..
ကျမသူ့ကို​ခေါင်းညိတ်​ပြခဲ့မိတယ်
Shitt
ဘာလို့ဒီလို​တွေမပြတ်​မသားဖြစ်​​နေရတာလဲ

ကျမluhanကိုမချစ်​ပါဘူး..
သေချာလွန်းပါတယ်​..ကျမသူ့ကို.သူ့ကိုဒီတိုင်း
စိတ်​ဝင်​စားရုံပဲ..

ကြည့်​ပါလား..
ကျမ Tao စိတ်​ဆိုးမှာမလိုချင်​ဘူး..
Luhan ဘယ်​လိုပဲကျန်​ခဲ့ကျန်​ခဲ့
ကျမဂရုမစိုက်​ဘူး..Tao​နောက်​ကိုပဲ
ပြေးလိုက်​ခဲ့တာမလား.

Three hearts..Two loves..One destiny..Where stories live. Discover now