Wo Ai Ni

2.5K 286 46
                                    

အချစ်​ဆိုတဲ့အရာကို
အမျိုးမျိုး​သောခံစားမှု​တွေ​ပေါ်
မှာ​ခေါင်းစဉ်​တပ်​လိုက်​ဖို့
ကျမအတွက်​​တော့ သိပ်​ကို
ခဲယဉ်းလွန်းပါတယ်​..

အမြဲတမ်း​မြင်​​တွေ့​နေချင်​တာကို
အချစ်​လို့​ခေါ်တာလား
ဒါမှမဟုတ်​..မ​တွေ့ချင်​ဘူးလို့
ငြင်းဆို​နေသည့်​တိုင်
အ​တွေးထဲ ထိုသူရဲ့ပုံရိပ်​​တွေပဲ
ဝဲလည်​​နေတာကို လား

အမြဲတမ်းအတူတူရယ်​​မော​နေတာကို
အချစ်​လို့​ခေါ်တာလား
အတူရှိ​နေတဲ့အချိန်​တိုင်းရတတ်​တဲ့
ပျော်​ရွှင်​မှု​နွေး​ထွေးမှုနဲ့
သက်​​တောင့်​သက်​တာခံစားရမှု...
အရာအားလုံး​ဝေမျှလိုမှု
တစ်​​ယောက်​ကိုတစ်​​ယောက်
အတိုင်းမသိတဲ့တွယ်​တာမှုမျိုးလား အချစ်​ဆိုတာ..

ဒါမှမဟုတ်​..
ငြင်းဆိုဖို့ခက်​ခဲတဲ့ ဆွဲငင်​မှုတစ်​ခု​နောက်​ကို
ကိုယ့်​ဘာသာမ​ကျေနပ်​စွာလိုက်​ပါသွားမိတာမျိုး..
အတူရှိ​နေတဲ့အချိန်​တိုင်း
စိတ်​ကျဉ်းကျပ်​​နေ​ပေမယ့်
အဲ့ဒီအချိန်​ ​တွေကုန်​သွားပြန်​​တော့လည်း..
နှ​မြောသလို ပြန်​တမ်းတမှုမျိုးလား..

တကယ်​​တော့..
ကိုယ်​တိုင်​မှာ အ​ဖြေမရှိပါဘူး..
ကျမငယ်​ငယ်​​လေးတုန်းကထဲက
Tao ကလွဲပီး​ကောင်​​လေး​တွေနဲ့
မပတ်​သတ်​ဖူးဘူး..

Tao နဲ့အတူတူရှိ​နေတိုင်းမှာ..
ကျမ လုံခြုံ​နွေး​ထွေးမှုနဲ့
ပျော်​ရွှင်​မှုကိုခံစားရတယ်
ကျမသူ့ကိုမျက်​နှာမသစ်​ပဲနဲ့
ထိုင်​စကား​ပြောနိုင်​တယ်​..
ခေါက်​ဆွဲစားပြီးတိုင်းလည်းသူ့ကိုသွားစိပြပြီး
ငါ့သွားမှာဘာ​တွေကပ်​​နေလဲလို့​မေးနိုင်​တယ်​..
ကျမသူ့​ရှေ့မှာ
မကြာခဏငိုတယ်​..
ကျမသူ့​ရှေ့မှာပဲ
အကြိမ်​​ပေါင်းများစွာလှိုက်​လှိုက်​လှဲလှဲရယ်​တယ်​..
သူက ကျမအတွက်​အစားမထိုးနိုင်​တဲ့
အတွယ်​တာရဆုံးလူတစ်​​ယောက်​ဖြစ်​တယ်​..

သူ ကျမ​ဘေးမှာမရှိ​တော့မှာထက်​..
ကျမသူ့​ဘေးမှာ မရှိ​ပေးနိုင်​မှာ​ကြောက်​တယ်​..

သူဘယ်​သူ​တွေနဲ့ပဲတွဲတွဲ..
ကျမ မှာ​သေချာတဲ့ ယုံကြည်​မှု​လေးတစ်​ခုရှိတယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now