Part one

1.8K 232 114
                                    

If people were rain,I was drizz and she was a hurricane.
(Looking for Alaska)

အမြဲတမ်း ​တောက်​​ပြောင်​​ခဲ့တဲ့သူမဆံပင်​​လေး
တွေက ​ခြောက်​​သွေ့စွာ​ခေါင်းအုံး​ပေါ်မှာပြန့်​ကျဲ​နေတယ်
ယွဲမ်​ က အရမ်းလည်း​ပိန်​သွားတယ်​..
သူမရဲ့လည်​ပင်းကအရိုး​တွေ​တောင်​ထင်​ရှားလာတဲ့
အထိပဲ..

ကျွန်​​တော့်​ကိုအမြဲစွာစွာစွာစွာလုပ်​တဲ့နှုတ်​ခမ်း​လေး
တွေက ဖြူဖတ်​​နေပြီး
အမြဲပန်း​ရောင်​သမ်း​နေတတ်​တဲ့သူမမျက်​နှာ​လေးက
သွေး​ရောင်​မရှိ​တော့သလိုပဲ..

သူမကိုကြည့်​ရတာ
စက္ကူပါးပါး​လေးတစ်​ချပ်​လို...

ကျွန်​​တော့်​ပါးပြင်​​ပေါ်ကို
မျက်​ရည်​​တွေပူ​နွေးစွာစီးဆင်းသွားတယ်​..

ယွဲမ့်​ကိုဒီလိုပုံစံမျိုးနဲ့ပြန်​​တွေ့ချင်​ခဲ့တာမဟုတ်​ဘူး..
ရင်​ဘတ်​တစ်​ခုလုံးဆွဲစုတ်​ခံထားရသလို
နာကျင်​​နေတယ်​..

သူမ​ကုတင်​​ဘေးမှာရှိုက်​ကြီးတငင်​ငို​နေတဲ့
ကျွန်​​တော့်​ကို သူနာပြုဆရာမ​လေးက
အံ့သြသလိုကြည့်​ရင်းတိုးတိုးလာ​ပြောတယ်

"မစိုးရိမ်​ရပါဘူး..သူအရမ်းအားနည်း​နေလို့
ခဏ​နေနိုးလာမှာပါ."

ကျွန်​​တော်​က​လေးတစ်​​ယောက်​လို
ခေါင်းယမ်းပြလိုက်​တယ်

ဘယ်​သူမှနားမလည်​ဘူး..
သူမ ပြန်​နိုးလာမှာသိတယ်​..

အ​ကြောင်းအရင်းက
ကျွန်​​တော့်​ရဲ့​ကောင်​မ​လေးဟာ
ဘာအပြစ်​မှမရှိပဲနဲ့
အသုံးမကျတဲ့အချစ်​ဆိုတဲ့အရာအတွက်​နဲ့

ဘာလို့အကြိမ်​ကြိမ်​အပြစ်​​ပေးခံ​နေရတာလဲ

သူမ​ပျော်​ရွှင်​ရမယ်​ထင်​လို့
အမြဲတမ်း​နောက်​ဆုတ်​​ပေးခဲ့တာ
စွန့်​လွှတ်​​ပေးခဲ့တာ..

ဒီလို​တွေဖြစ်​လာမယ်​ဆိုတာသိရင်
ဘယ်​​တော့မှသူမလက်​ကိုလွတ်​​ပေးခဲ့မှာမဟုတ်​ဘူး

ယွဲမ်​ ah..
ငါ​တောင်းပန်​ပါတယ်​..

~~~~~~~~~~~~~~~~~~~~~~
"မဟုတ်​ဘူး..ငါ ဝင်​ခွင့်​ရမှဖြစ်​မယ်​..
ငါအထဲဝင်​ချင်​တယ်​ Tao ah..
ငါတို့​ရှေ့​နေကိုသိတယ်​မလား..​ခေါ်​ပေးပါ
ခေါ်​ပေးပါ​နော်​.​တောင်းပန်​ပါတယ်​"

Three hearts..Two loves..One destiny..Where stories live. Discover now