Who is she??

2.8K 360 41
                                    

"ပါ့ပါ.."

စက္ကူသ​ဘောင်္​သေး​သေး​လေး​တစ်​ခုကို
ပုလင်းထဲကြိုးစားထည့်​​နေတဲ့ပါ့ပါက
ကျွန်​မကိုမျက်​မှန်​​ပေါ်က​နေလှမ်းကြည့်​တယ်​..

"Sunday ကျရင်​​လေ.."

သူက ဆက်​​ပြော​လေဆိုတဲ့ပုံစံမျိုးနဲ့​မေးဆတ်​ပြတယ်​..

"ယွဲမ်​တို့သွားမယ့်​စပျစ်​ခြံကို​လေ"

"Zitao ကို​ခေါ်ခဲ့ချင်​လို့လား.."

"Imm"

ကျွန်​မမြန်​မြန်​​ခေါင်းညိတ်​ပြလိုက်​တယ်​..
ပ့ါပါ က သက်​ပြင်းတစ်​ခုချရင်း မျက်​မှန်​ချွတ်​ကာကျမကိုကြည့်​တယ်​..
သူဟာ..တခုခု​လေးနက်​တာ​ပြောမယ့်​အချိန်​တိုင်း
ဒီလိုကျမကိုအ​ရေးတယူကြည့်​တတ်​တယ်​..

"ယွဲမ်​ယွဲမ်​ ah..
သမီးလည်းအရွယ်​​ရောက်​လာပြီ"

သူဟာ​ထက်မြတ်ပြီး​​ခေတ်မီတဲ့​အေ​ဖမို့လို့..
အရွယ်​​ရောက်​တဲ့သမီးကို
ယောက်ျား​လေးသူငယ်​ချင်းနဲ့
ဝေး​ဝေး​နေဖို့​ပြောမှာ​တော့မဟုတ်​ဘူး..
လေးနက်​​ပေမယ့်​ ​နူးညံ့​နေတဲ့ပ့ါပါရဲ့
မျက်​လုံး​တွေထဲက​နေ
ကျမ​သေချာသိ​နေတယ်​..

"Zitao ကိုတစ်​သက်​လုံး
ဒီလိုတွယ်​တာသွားနိုင်​ရင်​​တော့
ကောင်းတာ​ပေါ့..
ပါး လည်း​သူ့ကိုသ​ဘောကျတယ်​"

သူက​ပြောရင်းနဲ့ကျမကို
အကဲခတ်​သလိုကြည့်​တယ်
သူက ​ချောင်းတစ်​ချက်​ဟန့်​ရင်းဆက်​​ပြောတယ်​..

"ဒါ​ပေမယ့်​..
အနာဂတ်​ဆိုတာကြိုသိနိုင်​တာမျိုးမဟုတ်​​တော့
ပြောင်းလဲလာတဲ့ကံတရား​တွေရှိလာတဲ့​နေ့မျိုး..
ဒါမှမဟုတ်​ သမီးတို့နှစ်​​ယောက်​​ထဲက
တစ်​​ယောက်​​ပြောင်းလဲသွားမယ့်​​နေ့မျိုးမှာ..
တစ်​​ယောက်​​ပေါ်​တစ်​​ယောက်​ဒီလို
ဆက်​ပြီး သံ​ယောဇဉ်​မထားနိုင်​​​တော့ရင်
နှစ်​​ယောက်​လုံးခံစားရလိမ့်​မယ်​​နော်​.
ယွဲမ်​ယွဲမ်​.. ပါး​ပြောတာသ​ဘော​ပေါက်​လား?"

ကျမရဲ့ ပါ့ပါဟာ သားသမီး ကို
ဘာလုပ်​ရမယ်​..ဘာလုပ်​သင့်​တယ်​ဆိုတာ
ပြောမယ့်​အ​ဖေမျိုးမဟုတ်​ဘူး..
ဖြစ်​လာနိုင်​​ချေနဲ့ ဖြစ်​လာနိုင်​တာကို
အမြဲရှင်းပြတယ်​.
ကျမရဲ့​ရွေးချယ်​မှုမှားယွင်းရင်​​တောင်
အပြစ်​တင်​မှာမဟုတ်​ပဲ..
နောက်​ထပ်​မမှား​အောင်​တည့်​မတ်​​ပေးတတ်​တဲ့သူမျိုး

Three hearts..Two loves..One destiny..Where stories live. Discover now