Part three

2.3K 247 154
                                    


နှင်း​တွေကြားထဲက​နေခက်​ခဲစွာ
Castel combeကို​ရောက်​လာခဲ့တယ်​..
တလမ်းလုံးယွဲမ်​က ဒီမှာစခဲ့တဲ့သူမနဲ့ geရဲ့
ဘဝအ​ကြောင်းကိုအားမနာပဲ​ပြောလာတယ်

ရာသီဥတုက ​ရေခဲမှတ်​နီး​နေသည့်​တိုင်
သူမရဲ့နဖူးစပ်​မှာ​ချွေးပြန်​​နေတယ်​..
စိတ်​လှုပ်​ရှား လို့ဖြစ်​မယ်​..
သူမ မကြာခဏနှုတ်​ခမ်း​ကိုက်​တယ်​.

"တကယ်​ဆို နင်​ကားအ​ဝေးကြီးမစီးသင့်​ဘူး
မွေး​တော့မှာကို.."

"Yarr critical ​အ​ခြေအ​နေ​လေ..
စီးမှာပဲ.."

သူမက ကျွန်​​တော့်​ကိုတခွန်းမခံပြန်​ပက်​တယ်
အရင်​က ယွဲမ်​ယွဲမ်​ကိုပြန်​မြင်​ရပြီ.

ကျေးဇူးပါပဲ ge..
ပြန်​သတိရလာ​ပေးလို့..
သူမ အလိုအပ်​ဆုံးအချိန်​မှာ​ရောက်​​အောင်
ပြန်​လာခဲ့​ပေးလို့..

မီး​တွေထိန်​လင်း​နေတဲ့ဘုရား​ကျောင်းမှာ
လူစုရုံးစုရုံးနဲ့ခရစ်​စမတ်​အတွက်
ပြင်​ဆင်​​နေကြတယ်​..

သူမနဲ့အတူဖြတ်​သန်းဖူးတဲ့ ခရစ်​စမတ်​​ပေါင်းများစွာကို
သတိရမိတယ်​...
သူမရဲ့မိသားစုဟာ သိပ်​ကြင်​နာတတ်​တယ်
ကျွန်​​တော့်​ကိုအမြဲ​နွေး​ထွေးစွာဆက်​ဆံ​ပေးပြီး​တော့
ယွဲမ်​နဲ့အတူတူ လက်​​ဆောင်​​လေး​တွေ​ပေးတယ်​..

လွန်​ခဲ့တဲ့ သုံးနှစ်​​လောက်​ကအထိ
ကျွန်​​တော့်​ဘဝမှာကျန်​ရှိ​သေးတဲ့ခရစ်​စမတ်​ညများစွာကို
သူမနဲ့အတူဖြတ်​သန်းရမယ်​ထင်​ခဲ့မိ​သေးတယ်​..

ကျွန်​​တော်​အမြဲတမ်း ယွဲမ်​နဲ့အတူ
မိသားစု​လေးတစ်​ခုတည်​​ဆောက်​ချင်​ခဲ့တယ်​..

ကျွန်​​တော့်​ရဲ့ငယ်​ငယ်​ကအိပ်​မက်​က
သူမနဲ့ တစ်​သက်​လုံးအတူရှိချင်​တာပါ
ကျွန်​​တော်​အရွယ်​​ရောက်​ကာစကအိပ်​မက်​က
သူမကိုကာကွယ်​​ပေးချင်​တာ..
တက္ကသိုလ်​စတက်​ရ​တဲ့အခါ
ကျွန်​​တော့်​ရဲ့အိပ်​မက်​က..
သူမကိုလက်​ထပ်​ချင်​တာပါ

ကျွန်​​တော်​သူမကိုချစ်​တယ်​..
အရမ်းချစ်​ခဲ့တယ်​..

ဒါ​ပေမယ့်
အချိန်​​တွေဆွဲခဲ့တာ..
တွေ​ဝေခဲ့လို့မဟုတ်​ဘူးဆိုတာ ကျိန်​​ပြောပါတယ်

Three hearts..Two loves..One destiny..Where stories live. Discover now