Memory

2.1K 259 106
                                    

ဆောင်းရာသီဟာ..ဘယ်​​နေရာမှာပဲဖြစ်​ဖြစ်
ဆောင်းရာသီပါပဲ..​အေးစက်​တယ်
နှင်းစက်​​တွေနဲ့
အရွက်​မရှိ​တော့တဲ့သစ်​ပင်​ကျိုးတို့ကျဲတဲ​တွေနဲ့

တချို့က​တော့ ​ပျော်​​နေကြတယ်​..
ခရစ်​စမတ်​အားလပ်​ရက်​..
နှစ်​သစ်​ကူးပါတီ ..
နေ့သစ်​အတွက်​​မျှော်​လင့်​ချက်​​တွေ..
ပျော်​ရွှင်​မှု​တွေနဲ့..

Tao ah..
နှင်း​တွေက ငါ့အသား​လေးလိုပဲ​နော်
ုဖြူ​ဖွေး​နေတာပဲ..

ယွဲမ်​က သူမအသားအရည်​နဲ့ပတ်​သတ်​ပြီး
အမြဲဂုဏ်​ယူစွာ​ပြောတတ်​တယ်​..
သူမတို့အိမ်​​ရှေ့လမ်း​လေးမှာ နှင်း​တွေဖုံး​နေတယ်​..

ခါးသာသာခြံစည်းရိုးဖြူဖြူ​လေးကိုတွန်းဖွင့်​လိုက်​​တော့
အတွင်းဘက်​ကခြုံပုပု​လေးနဲ့သွားငြိတယ်​..
ပုံမ​ဖော်​တာကြာလို့ ရှည်​​နေတဲ့ခြုံပင်​​လေး​ပေါ်တင်​​နေတဲ့
နှင်းစက်​​လေး​တွေက ​​လျှောကျသွား​လေရဲ့..

Tao..zitao..
နင်​ငါ့ကိုစာအုပ်​သုံးအုပ်​ပြန်​​ပေးရဦးမှာမှတ်​မိလား
ငါ​မေ့​နေလို့ နင်​ကမ​ပေးတာလား
ကပ်​​စေးကုပ်​ ​လေးအုပ်​ပြန်​​ပေး

ယွဲမ်​က ငယ်​ငယ်​ကကျွန်​​တော့်​ကိုဆို
သိပ်​စွာတယ်​..သူများနဲ့ဆိုရင်​​တော့စကားနည်းတဲ့
ရေခဲမင်းသမီး​လေးလိုပဲ..
ဆံကျစ်​နှစ်​ခွကိုကာတွန်းကာရိုက်​တာလို
အမြဲကျစ်​ထားတတ်​တဲ့သူမဟာ ကျွန်​​တော်
မကြားဖူးတဲ့​ပေါက်​ပေါက်​ရှာရှာပုံပြင်​​တွေအများကြီး
ပြောပြခဲ့ဖူးတယ်​..

ဝက်​က​လေးသုံး​ကောင်​နဲ့​မြေ​ခွေးကို
လူတိုင်းကြားဖူးပါတယ်​ဟာ..နင်​ကဘာလို့မသိရတာလဲ
မနက်​ဖြန်​ကျရင်​ စကား​ပြောတတ်​တဲ့ရှူးဖိနပ်​​လေး
ပြောပြမယ်​​နော်​..
နင်​ ​ကျောင်း​စော​ရောက်​​နေရင်​ ယူမီတို့နဲ့​ဝေး​ဝေး​နေ
သူတို့ကိုငါကြည့်​မရဘူး

သူမဟာ ကျွန်​​တော့်​ကိုသိပ်​သဝန်​တိုတယ်
သန့်​ရှင်း​ရေးလုပ်​ဖို့တဖွဲ့ထဲမကျရင်​​တောင်
မျက်​ရည်​​လေးဝဲတဲဝဲတဲနဲ့တခြားသူ​တွေနဲ့
မ​ရောဖို့မှာတတ်​တယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now