အပိုင်းအစ - ၁၃

4.9K 546 9
                                    

ဆောင်းတွင်းကုန်ခါနီး အချိန်တောင် ရောက်တော့မယ်။ ငါနဲ့ ဝေ့အစ်ကို သခင်လေးရဲ့ အစွမ်းတွေ ပြန်ရလာဖို့ ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှာနေတုန်းပဲ။ ဝေ့အစ်ကိုကတော့  သူစဉ်းစားထားမိတာ ရှိတယ်ဆိုပဲ။ သူ သေချာ အစီအစဉ်ဆွဲပြီးတော့မှ င့ါကို ပြောပြမယ်တဲ့။ ထားပါတော့လေ။ သူ ဘာတွေ ကြံနေမှန်း ငါလည်း မသိချင်တော့ဘူး။

“ချင်းလျန်… ငါနဲ့ ဈေးလိုက်ခဲ့ပေးပါလား… ဒီနေ့ဝယ်စရာ နည်းနည်းများတယ်….”

ဒေါ်ကြီးမှုံ့လာခေါ်လို့ သူ့နောက် ငါလိုက်ခဲ့တယ်။ အိမ်တော်မှာ တစ်နေကုန် ရှိနေတာထက်စာရင် ဈေးကပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။ ဈေးထဲရောက်တော့ ဒေါ်ကြီးမှုံ့ ငါ့ကို ဆီးသီးယိုတုတ်ထိုးလေး ဝယ်ကျွေးတယ်။ ငါ ဆီးသီးတုတ်ထိုးလေး တစ်ကိုက် ကိုက်လိုက်၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်နဲ့ နောက်ဆုံးတို့ အသားဆိုင်နား ရောက်သွားတယ်။

ဒေါ်ကြီးမှုံ့က အသားအချို့ဝယ်နေချိန်မှာ ဈေးထဲက ကြေညာသင်ပုန်းနား အစောင့်ရဲမက်တွေ ရောက်လာတယ်။ တစ်ခုခုကြေညာစရာများ ရှိလို့လား။ လူတွေက သူတို့နားဝိုင်းအုံလာကြတယ်။ ဒေါ်ကြီးမှုံ့က ပုရွက်ဆိတ်အုံဖြစ်နေတဲ့ လူတွေကြား တိုးဝှေ့ပြီး ဝင်သွားတယ်။ ငါတော့ မလိုက်သွားဘူး။ လက်ဖက်ရည်ဆိုင်နား ထိုင်ကျန်ခဲ့တယ်။ ပြီးရင် ဒေါ်ကြီးမှုံ့ ပြန်ဖောက်သည်ချမှာပဲဟာ။
၁၅မိနစ်လောက်ကြာတော့ ဒေါ်ကြီးမှုံ့ ပြန်ရောက်လာတယ်။ မျက်နှာမှာ ချွေးတဒီးဒီးကျလို့။ တစ်ခုခုကို ကြောက်နေပုံလည်း ပေါ်တယ်။

“ဘာဖြစ်လို့လဲ ဒေါ်ကြီးမှုံ့…. အဆင်ပြေရဲ့လား…… ရေနွေးလေး သောက်လိုက်ပါဦး….”

ဒေါ်ကြီးမှုံ့ ရေနွေးကို အလောတကြီးသောက်လိုက်ပြီး

“တောအုပ်နားမှာ လူတစ်ယောက်သေနေတယ်…. တစ်ကိုယ်လုံးဖြူဆွတ်ပြီး သေနေတာ….. သွးစုပ်ခံထားရသလိုမျိုးတဲ့….. အဲ့တာ သွားလာရင် သတိထားဖို့ လာပြောကြတာ… သူတို့လည်း အဲ့ဒီလက်သည်ကို ရှာနေကြတာတဲ့….”

အကောင်တစ်ကောင်ကောင်ရော မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် ငါတို့ခေတ်မှာတော့ သွေးစုပ်တတ်တဲ့ အပင်တွေရှိတယ်။ အန္တရာယ်ရှိလို့ သူတို့ကို တားမြစ်နယ်မြေဘက် ရွှေ့ထားတာ။ တခါတလေတော့ ဆေးကုသတဲ့နေရာမှာ သုံးကြတယ်။ အဲ့လိုမျိုးစိတ်မျိုး နေမှာ။

“အင်း…. အချိန်တောင် အတော်လင့်နေပြီ… ကျနော်တို့ ပြန်ကြရအောင်….”
ဒေါ်ကြီးမှုံ့ကို ခေါ်ပြီး အိမ်တော်ကို ပြန်လာခဲ့တော့တယ်။

ငါ ဝေ့အစ်ကိုကြီးကို ပြန်ပြောပြတော့ သူက

“သေတာ တစ်ယောက်တည်းမဟုတ်ဘူး ချင်းလျန်…. တောထဲ သစ်ခုတ်သွားတဲ့သူ ၅ ယောက်လုံး သေတာ… လူတွေကြောက်လန့်သွားမှာစိုးလို့ တစ်ယောက်တည်း သေတာလို့ ထုတ်ပြန်ထားတာ….”

“နင် ဘယ်လို သိတာလဲ…”

“ငါနဲ့ သခင်လေး အခုပဲ စစ်ဆေးရုံးက ပြန်လာတာ… ငါတို့ကိုလည်း တရားခံရှာပေးဖို့ အကူအညီ တောင်းထားတယ်… ဒါက အတွင်းသတင်းနော်…  နင်လျှောက်ပြောလို့ မဖြစ်ဘူး ….”

“ဟုတ်.. အတော်ထူးဆန်းတဲ့ ဖြစ်ရပ်ပဲနော်… အရမ်းပဲ စိုးရိမ်ရလား… အတော်ကြီး အန္တရာယ် ရှိတဲ့အထဲ ပါလားဟင်…”

“အင်း… အဲ့လို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရတာပေါ့ ချင်းလျန် …”

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now