အပိုင်းအစ - ၂၀

4.8K 553 29
                                    


ရလဒ်ကတော့ ငါ့ကို သခင်လေး ကောင်းကောင်းကြီး ဆူတာ ခံလိုက်ရတယ်။ နောက်ဆို ငါ လက်ဖက်ခြောက်လေး အမြဲဆောင်ထားမှ။ သူဆူရင် ငါ လက်ဖက်ခြောက်ထည့်ခပ်ရုံပဲ။ ဧည့်သည် ခင်ပွန်းလောင်းကြီးကို ပေါက်ကရလေးဆယ်ပြောမှုနဲ့ ငါ ဒဏ်ပေးခံရတယ်။ သူ့အခန်းရှေ့မှာ ၁၅ပေါင်လောက်လေးတဲ့ ကျောက်တုံးကို ခေါင်းပေါ် လက်နဲ့မြှောက်ပြီး ဒူးထောက်ခံထိသွားတယ်။ ၃ရက်တိတိတဲ့။ သေတာပဲ။ ယုံမြစ်ကရေကို သွားခပ်ခိုင်းတာလောက် မဆိုးသေးဘူးလို့တော့ ငါထင်သား။

ပြန်စဉ်းစားကြည့်ရင် ငါပြောတာ ဘာအမှားမှ မပါဘဲ။ ငါလုပ်ဖူးတာတွေ ငါကြိုက်တာတွေကို ပြောတာ အတော်ကြီးများ အပြစ်ရှိသွားတာလား။ ဒါလေးတောင် သူတို့တွေ မသိကြဘူးလား။ အတော်သနားစရာကောင်းတဲ့ သူတွေပဲ။

ဝေ့အစ်ကိုက သခင်လေးအလစ်မှာ ငါကိုင်မြှောက်ထားရတဲ့ ကျောက်တုံးကို လာလဲပေးတယ်။ ကျောက်တုံးက အရွယ်အစားတူ ပုံစံတူ လုပ်ထားတာ။ အလေးချိန်က ၇ပေါင်လောက်ပဲရှိတော့ တစ်ဝက်လောက်ကွာသွားတယ်။ ဒါ ငါတို့ သခင်လေးရဲ့ ဒဏ်ပေးခံထိရင် ခဏခဏလုပ်နေကြ။ သတ်မှတ်ချိန်ကုန်ခါနီးရင်း မူရင်းကျောက်တုံးနဲ့ပြန်လဲပြီး အတုကို ကိုယ့်အခန်းထဲ ထည့်ဝှက်ထားရုံ။ ဝေ့အစ်ကိုက ဒါမျိုးကျ စိတ်ရင်းကောင်းပါတယ်ဆို။

ငါ့မှာဖြင့် သခင်လေးရှိရင် ကျောက်တုံးကို သေချာမြှောက်ကိုင်လိုက်၊ သခင်လေးမျက်စိရှေ့ မရှိတော့တာနဲ့ ခေါင်းပေါ်ရွက်လိုရွက်၊ ပုခုံးပေါ်တင်လိုတင်၊ ရင်ခွင်ပိုက် လုပ်လိုလုပ်၊ ညဘက်ရောက်ရင် လူခြေတိတ်တာနဲ့ ငုတ်တုတ်ထိုင်ပြီး ကျောက်တုံးကို ပေါင်ပေါ်တင် မေးထောက်အိပ်လုပ်လိုက်နဲ့ ၃ရက်မြောက်နေ့ ရောက်လာတာပဲ။ (အချောင်ခိုနည်းများ)

နောက်ဆုံးနေ့ညနေ ရောက်ခါမှ သခင်လေးက ဘာစိတ်ကူးပေါက်သည်မသိ။ ငါဒဏ်ပေးခံရတဲ့ ရှေ့နား လာထိုင်နေပြီး လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်နေလေရဲ့။ ငါ သူ ပြန်ထွက်သွားဖို့ အကြိမ်ကြိမ် ဆုတောင်းနေရတာ ၃နာရီလောက်သာ ကြာသွားတယ်။  သခင်လေးက ဒီအတိုင်း။ဝေ့အစ်ကိုက ကျောက်တုံးလာလဲပေးဖို့ လာတော့ သခင်လေးကိုမြင်ပြီး သူလည်း ပန်းချုံနောက် ပုန်းနေလိုက်တာ ငါတွေ့လိုက်တယ်။ ဒီမှာက အခြေအနေမဟန်ဘူးလေ။

သခင်လေးက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်အသာချရင်း ငါ့ဘက်လျှောက်လာတယ်။

“လျန်… မင်းအပြစ်ကို ဆင်ခြင်လို့ပြီးပြီလား….”

“ချင်းလျန် အပြစ်တွေကို သိပါပြီ… နောက်တစ်ခါ ဒီလိုမလုပ်တော့ပါဘူး သခင်လေး….”

ငါ့စိတ်ထဲမှာတော့ ဒီလိုပုံစံမျိုးတော့ ထပ်မဖြစ်စေရဘူး။ နောက်တစ်မျိုးပဲ ဖြစ်လာမှာ။ (အို.. ဘယ်လို)

သခင်လေးက င့ါရှေ့မှာ ခေါက်တုံ့ဖြေးဖြေးလျှောက်နေရင်းကနေ

“မင်းပုံစံက ဒီလို ၃ရက်တိတိ အပြစ်ပေးခံရတာ သိပ်မခက်ခဲနေတဲ့ပုံပဲ… နည်းနည်းမှ ပင်ပန်းပုံမပေါ်ဘူး…”

ငါ ချက်ချင်းပဲ မျက်နှာကို ရှုံ့တွလိုက်ပြီး အလွန်နာကျင်ပင်ပန်းနေတဲ့ပုံစံနဲ့

“သခင်လေး ဘယ်သူက အပြစ်ပေးခံရတာ ကြိုက်မှာလဲ… ကျနော့်လို့ ခန္ဓာကိုယ် ပိစိကွေးက ဒီလောက်လေးတဲ့ ကျောက်တုံး မ ထားရတာ ဘယ်လောက်ခက်ခဲလဲ ….”

“အို… ဟုတ်လား… ကျောက်တုံးက မင်းအတွက် သိပ်လေးတယ်ပေါ့…”

ငါ ခေါင်းနပန်းကြီးသွားတယ်။ ငါစကားမှားသွားပြီ။ ကျောက်တုံးလဲထားမှန်း သခင်လေးမိသွားရင် ငါတော့ ဒုက္ခအကြီးအကျယ်ရောက်တော့မယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now